[35]

2.4K 366 14
                                    

{Unicode}

မင်းကို ကိုယ့်မျက်လုံးနဲ့မမြင်ရသရွေ့
ကိုယ်စိတ်အေးမှာမဟုတ်ဘူး

နောက်တစ်နေ့မနက်ခင်းတွင် အနောက်မြောက်သို့သွားမည့်လေယာဉ်ပေါ် ယဲ့ဖေးခြေချလိုက်သည်။ နွေရာသီခရီးသွားချိန် ကျော်လွန်သွားပြီဖြစ်၍ သူသည်လက်မှတ်ကိုအချိန်ကပ််မှဝယ်လျှင်ပင် ပထမတန်းအဆင့်ထိုင်ခုံကိုရနိုင်သည်အထိ ကံကောင်းလိမ့်မည်။

သူပစ္စည်းများများစားစားမယူခဲ့ပေ။ သူ့အထုပ်အပိုးများကိုနေရာချလိုက်ပြီး ထိုင်တော့မည့်အချိန် သူတွေ့လိုက်ရသည့်အရာကြောင့် ရုတ်တရက်လန့်သွားခဲ့သည်။

၎င်းမှာ သူနှင့်ရင်းနှီးကျွမ်းဝင်သော ကွန်ပြူတာအိတ်တစ်လုံးပင်။ ယန်ရှောင်း ပုံမှန်ကိုင်လေ့ရှိသည့် ငွေဖြင့်ပြုလုပ်ထားသော ခါးပတ်ခေါင်းပါရှိသည့် နက်ပြာရောင်သားရေအိတ်နှင့် တစ်ပုံစံတည်းဖြစ်သည်။  ယဲ့ဖေး ဖြည်းဖြည်းချင်းခေါင်းမော့ကြည့်ချိန် သူ့နှလုံးသားမှာလည်း တဒုတ်ဒုတ်ခုန်နေခဲ့သည်။

ချောမောပြီး မရင်းနှီးသောမျက်နှာတစ်ခုကို သူတွေ့လိုက်ရ၏။

"လူကြီးမင်း, လူကြီးမင်း?" သဘောကောင်းပုံရသည့် လေယာဉ်မယ်က သူ့နားသို့လျှောက်လာပြီး သတိပေးသည်။ "ကျေးဇူးပြုပြီး ထိုင်ပေးပါရှင့်" ယဲ့ဖေး သတိပြန်လည်လာပြီး လေယာဉ်မယ်ကိုပြုံးပြလိုက်သည်။

"တောင်းပန်ပါတယ်ဗျာ"  သူသည် ကြည့်ကောင်းပြီး ပြုံးလိုက်သည့်အချိန် ပို၍ဆွဲဆောင်မှုရှိသွားသည်။ လေယာဉ်မယ်၏ပါးမို့မှာ မဆိုစလောက်နီရဲသွားကာ သူမကပြန်ပြုံးပြသည်။ လေယာဉ်မယ်သည် ခဏလောက်ထပ်နေချင်စိတ်ကို သူမ၏ကျွမ်းကျင်မှုဖြင့်ဖုံးကွယ်လိုက်ကာ ခရီးသည်ဝင်ပေါက်နားသွားပြီး ခရီးသည်များ လေယာဉ်ပေါ်တက်လာရန် စောင့်နေလိုက်တော့သည်။

ယဲ့ဖေးသည် ထိုင်ခုံခါးပတ်ပတ်လိုက်ကာ အတွေးခန်းဖွင့်ပြီးနောက် သူ့မိုဘိုင်းဖုန်းကိုထုတ်၍ ယန်ရှောင်းနှင့်စကားပြောခန်းကိုဖွင့်လိုက်သည်။

ယန်ရှောင်း၏ Avatar နေရာတွင် သူ့ရုပ်ကိုသာသုံးထားသည်။ သပ်သပ်ရပ်ရပ်ဖြီးသင်ထားသောဆံပင်နှင့် အမည်းရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားလျက် ယန်ရှောင်းမှာ
ID ဓာတ်ပုံရိုက်နေသကဲ့သို့ လေးနက်တည်ကြည်နေသည်။ ယဲ့ဖေး အလိုအလျောက်ပြုံးမိလိုက်သော်လည်း ခဏတစ်ဖြုတ်အတွင်း အပြုံးမှာပျောက်ကွယ်သွားတော့သည်။ သူလက်ချောင်းများကိုရွှေ့လိုက်ကာ ပုံကိုသိမ်းရန် Avatar ကိုဖိလိုက်သည်။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now