{Unicode}
ငါစဉ်းစားကြည့်ပြီးပြီ
ရုပ်ရှင်ရုံ၏ဟောခန်းမထဲတွင် လူများနှင့်ပြည့်နှက်နေသည်။ ယန်ရှောင်းနှင့် ယဲ့ဖေးမှာ ဝေးဝေးလံလံချောင်တစ်နေရာတွင် ထိုင်နေခဲ့လျှင်ပင် မျက်စိဖမ်းစားနိုင်သောသူများဖြစ်သောကြောင့် လူအုပ်ကြားတွင် အထင်ပေါ်ဆုံးဖြစ်နေသည်။
သူ့ဆီဦးတည်လာနေသောအကြည့်များကို ယဲ့ဖေးလျစ်လျူရှုလိုက်ကာ ယန်ရှောင်းကိုမော့ကြည့်လိုက်သည်။ "ဥက္ကဌယန်က တမင်သက်သက် ကျီစယ်နေတာလား?"
'ကျီစယ်သည်' ဟူသာစကားလုံး၏ အဓိပ္ပာယ်ကိုနားမလည်နိုင်ပုံဖြင့် ယန်ရှောင်းမှာ ခဏလောက် ကြက်သေသေနေမိသည်။ ထို့နောက် သူက အလွန်အလေးအနက်ထားပြီး မေးလာခဲ့သည်။ "မင်းကိုယ့်ကို အသေးစိတ်ရှင်းပြလို့ရမလား?"
"မင်းအခုနကပဲပြောလိုက်တဲ့ဟာ.." ယဲ့ဖေးတွေးကြည့်ပြီးနောက် ယန်ရှောင်းအား မေးလိုက်သည်။ "မင်းဘယ်သူ့ဆီကသင်လာတာလဲ? ချန်းမင်ဟောင်လား?"
"မဟုတ်ဘူး, ကိုယ်ဘယ်သူ့ဆီကမှ သင်ခဲ့တာမဟုတ်ဘူး" ယန်ရှောင်းက ခိုကိုးရာမဲ့စွာဖြင့် ယဲ့ဖေး၏မျက်ဝန်းများကိုကြည့်သည်။ "ကိုယ်အမှန်တရားကိုပြောပြရုံပဲ"
ယဲ့ဖေးဘာမှမပြောနိုင်သေးခင် ရုပ်ရှင်ရုံဝန်ထမ်းများက လက်မှတ်ဂိတ်တွင်ရပ်ကာ ဝင်လို့ရပြီဖြစ်ကြောင်း အသိပေးလာသည်။
"ထားလိုက်တော့" ယဲ့ဖေး မေးခွန်းထုတ်နေခြင်းကို လက်လျှော့လိုက်ပြီး ယန်ရှောင်းကို ရုပ်ရှင်ရုံထဲသို့ ဆွဲခေါ်သွားလိုက်တော့သည်။ သူဆက်လျှောက်သွားလေလေ တစ်ခုခုမှားနေသလိုခံစားလာရ၍ ရပ်လိုက်ပြီး အနောက်လှည့်ကြည့်လိုက်သည်။ "ဒီရုပ်ရှင်ရုံမှာ ဘာလို့လူအရမ်းနည်းနေရတာလဲ?"
အတူစားချိန်တွင် ယန်ရှောင်းပြောခဲ့သောစကားများအရ ယနေ့၏ရည်ရွယ်ချက်ကို ယဲ့ဖေး သဘောပေါက်ခဲ့ပြီဖြစ်၏။ ရုပ်ရှင်ရုံထဲ လူများပြည့်နှက်နေရမည်ဖြစ်သော်လည်း ပြန့်ကျဲ့နေသောလူအချို့သာရှိနေသည်။
ယန်ရှောင်းကိုယ်တိုင်လည်း ထိုမေးခွန်းကိုမဖြေနိုင်ပါ။ တကယ်တမ်းလည်း လူရှိမရှိအား သူဂရုမစိုက်ပေ။ ယဲ့ဖေး သူ့ဘေးနားတွင်ရှိနေရုံဖြင့် လုံလောက်သည်။

YOU ARE READING
ငါကွာရှင်းချင်တယ် [ဘာသာပြန်]
RomanceIQ မြင့်ပြီး EQ နိမ့်သည့် Gong X ပြန်လည်မွေးဖွားလာသော Shou Name - I Just Want To Divorce / 我就想离个婚 Author - Lian Shuo / 连朔 Status in COO - 56 chapters + Extra (Completed) I DO NOT OWN ANYTHING. THIS IS JUST A FAN TRANSLATION. CREDIT TO ORIGINAL AUTHO...