[31]

2.9K 445 8
                                    

{Unicode}

ဘယ်လောက်ကြာကြာကိစ္စမရှိဘူး

မုန်တိုင်းမှာ အသိမပေးဘဲ စတင်ပြီးတသဲသဲဝင်လာသည်။ ပဲစေ့အရွယ် မိုးစက်ကလေးများသည် ပြတင်းပေါက်ပေါ်သို့ တပေါက်ပေါက်ကျနေပြီး ဖြောက်ဖြောက်မည်သံအချို့အားပြုလုပ်လေ၏။ အခန်းလေးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ယန်ရှောင်း၏ ညွှတ်နေသောမျက်တောင်မွှေးများပေါ်တွင် အဝါရောင်အလင်းတစ်ခုက တဖျပ်ဖျပ်လက်နေသည်။

သူကိုယ်တိုင်ပင် သူဘာလုပ်ခဲ့မှန်းသိပုံမရ။ အနမ်းပြီးနောက် သူသည် စေ‌့စပ်တည်ငြိမ်သော လှုပ်ရှားမှုဖြင့် ယဲ့ဖေးကို ဆေးဆက်လိမ်းပေးသည်။

"မင်းက ဒီလိုမျက်နှာကိုတောင်နမ်းနိုင်သေးတယ်ပေါ့" ယဲ့ဖေးသည် သူ၏အကျည်းတန်လှသောခံစားချက်ကို ဖုံးကွယ်ရန် အကြည့်ကိုအောက်ချလိုက်ပြီး စနောက်လိုက်သည်။ "ယန်ရှောင်း, မင်းမှာ ရုပ်ဆိုးတာကိုကြိုက်တဲ့ အစွဲအလမ်းတွေဘာတွေများရှိနေတာလား?"

ယန်ရှောင်း၏လက်မှာ တုန့်ခနဲဖြစ်သွားကာ ချီတုံချတုံဖြစ်လျက် ရှုပ်ထွေးနေသောအမူအရာဖြင့် ယဲ့ဖေးကိုကြည့်လိုက်၏။ "ဘာဖြစ်လို့လဲ?"

"ယဲ့ဖေး" ယန်ရှောင်းက လိမ်းဆေးကို ကော်ဖီစားပွဲပေါ်ချလိုက်ကာ ယဲ့ဖေးကို ဂရုတစိုက်ကြည့်သည်။ "မင်းကိုယ့်ကိုယ်ကိုယ် မှားယွင်းမှတ်ချက်ချနေတာပဲ" ယန်ရှောင်းသည် အလေးအနက်ရှင်းပြရန် ကြိုးပမ်းအားထုတ်၏။

ယဲ့ဖေးမှာ ကြောင်အမ်းအမ်းဖြစ်သွားရသည်။ အခိုက်မျှကြာသော် သူစိတ်သက်သာရာရစွာ ပြုံးလိုက်သည်။

"တကယ်လား?" သူသည် ယန်ရှောင်းဖက်သို့ ကိုယ်ကိုယိုင်ကာ အသက်ရှုထုတ်လိုက်ရင်း, "ဒါဆို ကုရွေ့ကျားအိမ်မှာရိုက်ထားတဲ့ပုံကို ဘာလို့ ဖျက်ပြီးမှပြန်ယူတာလဲ?"

ယန်ရှောင်းကအကြည့်လွှဲ၏။

"အဲ့ဒါလည်းရုပ်မဆိုးဘူး" သူတိုးဖွဖွရေရွတ်ပြီးနောက် မတ်တပ်ထရပ်ကာ ပွင့်ပွင့်လင်းလင်း အကြောင်းအရာကိုပြောင်းလိုက်သည်။ "ကိုယ်လက်မဆေးရသေးဘူး, မင်းရဲ့သန့်စင်ခန်းကိုသုံးမယ်"

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now