[19-1]

2.9K 408 9
                                    

{Unicode}

ကိုယ့်ဘာသာကိုယ်မီးညှိ

ယဲ့ဖေး၏စိတ်မှာ လေလံပွဲနှင့်မိုင်ပေါင်းချီ ဝေးကွာလွင့်ပျံသွားသည်။ သူရွေးချယ်ခဲ့သည် ‌ဗုဒ္ဓပုတီးစေ့များအလှည့်ရောက်ချိန်တွင် ကတ်ပြားထောင်ရန်ပင် မေ့လုနီးပါးဖြစ်သွားခဲ့သည်။ ကုရွေ့ကျားက သူကိုသတိပေးမှ အာရုံပြန်ရလာသော်လည်း သူ့နှလုံးသားမှာရှုပ်ထွေးဆဲပင်။

လိယွီလောင်ပြောခဲ့သည့် ယန်ရှောင်းကမိဘမဲ့ဟူသည်မှာ အမှန်တရားသာဆိုလျှင် သူ့ကိုအတင်းအကျပ်ဖိအားပေးသည့် မိသားစုဆိုတာလည်းမရှိပေ။ ဒါဆိုရင် ယန်ရှောင်းက သူ့ကိုဘာလို့လက်ထပ်တာလဲ?

ယန်ရှောင်းက မကွာရှင်းချင်ကြောင်းပြောခဲ့သည်ကို သူမှတ်မိသည်၊ တွန့်ဆုတ်မှုမရှိဘဲ သန်းနှစ်ရာကိုရင်းနှီးမြုပ်နှံပေးခဲ့သည်ကိုလည်း သူမှတ်မိသည်၊ ထိုနေ့ကအသားကင်ဆိုင်တွင် ယန်ရှောင်းက သူ့အတွက်ပုစွန်အခွံခွာပေးသည်ကိုလည်း သူမှတ်မိသည်။ သူ့နှလုံးသားထဲတွင် ယုံမှားဖွယ်ရာမရှိနိုင်သော အတွေးတစ်ခုက ရှင်းလင်းသထက်ရှင်းလင်းလာခဲ့၏။

ဒါပေမယ့် အဲ့ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သူတို့နှစ်ယောက်သည် လက်မထပ်ခင်တွင် မျဉ်းပြိုင်လိုလမ်းကြောင်းပေါ်တွင် ရှိနေခဲ့ကြသည်။ အဆုံးမှာတော့ ယန်ရှောင်းသည် တစ်ခေါက်မြင်ဖူးရုံဖြင့် ဘယ်တော့မှာမမေ့နိုင်မည့်မျက်နှာလေးအား ပိုင်ဆိုင်ထားသည်မဟုတ်ပါလား။ အတိတ်ဘဝတွင် သူတို့နှစ်ဦးကြားရှိဆက်ဆံရေးမှာ အလွန်အားနည်းပြီး တူတူနေကြသည့်အခန်းဖော်များနှင့်သာတူ၏။

နှစ်နှစ်ကျော်ကြာအောင် ယန်ရှောင်းသည် သူ့ကိုထူးထူးခြားခြားဟူ၍ ဖော်ထုတ်ပြခဲ့ခြင်းမျိုးမရှိခဲ့ပေ။ တစ်ခါတစ်လေတွင် သူတို့သည်တစ်ရက်လုံးလုံး စကားတစ်ခွန်းတစ်လေပင် မပြောဖြစ်ကြပါ။ ယန်ရှောင်းသည် နှုတ်အားဖြင့်ထုတ်ဖော်ပြသရမည့်အစား အတွေးထဲသိမ်းထားခဲ့ခြင်းကြောင့်သာ ဖြစ်လိမ့်မည်...

ယဲ့ဖေးဖုန်းထုတ်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် ယန်ရှောင်းနာမည်ကိုရှာဖွေလိုက်သည်။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now