[32]

2.5K 392 10
                                    

{Unicode}

ကိုယ်မင်းကိုကြိုက်လို့

ဆရာဝန်ပြောခဲ့သလို ယဲ့ဖေး၏ဓာတ်မတည့်မှုမှာ မပြင်းထန်ပေ၊ ရက်အနည်းငယ်လောက် ဆေးလိမ်းပြီးနောက် သူ့မျက်နှာပေါ်တွင် စိုးစဉ်းမျှမကျန်တော့။ သူကျေနပ်သွားလျက် မှန်ကိုချလိုက်ပြီး လိမ်းဆေးကို အံ့ဆွဲထဲထည့်သိမ်းလိုက်သည်။

စားပွဲပေါ်ထိုင်ပြီး ပဲနို့သောက်နေသော ကုရွေ့ကျားက သူ့ကိုရွံ့ရှာမှုအပြည့်ဖြင့်ကြည့်လာသည်။ "ဆရာဝန်က မင်းကို ဓာတ်မတည့်မှုအတွက်သောက်တဲ့ဆေးမဟုတ်ဘဲ ကာမအားတိုးဆေး ညွှန်းပေးလိုက်တာပဲ"

ယဲ့ဖေးမှာ အစတည်းက မျက်စိကိုဖမ်းစားနိုင်သောသူဖြစ်ပါလျက်နှင့် ဤရက်ပိုင်းတွင် သူကပိုပိုပြီးဆိုးဝါးလာသည်။ သူသည် ဝတ်ကောင်းစားလှများဝတ်ပြီး ဂိုက်ထုတ်လာသည့်အပြင် ဆံပင်ကိုလည်း ဖရိုဖရဲပြင်ထားသေးသည်။ ထိုထက်မက အမြီးတကားကားကိုထုတ်ကြွားသည့် ဥဒေါင်းဖိုတစ်ကောင်အလား ကုမ္ပဏီအနှံကိုလှည့်ပတ်သည်။ ရလဒ်အနေဖြင့် သူတို့၏အနုပညာရှင်ငယ်လေးအများစုမှာ ညို့ယူခံလိုက်ရကာ ဆယ့်ရှစ်ထပ်ရှိရုံးခန်းသို့ ယဲ့ဖေးအားချိန်တိုင်း ပြေးပြေးတက်လာကြကုန်သည်။

"မင်းသိက္ခာလေးဘာလေးထိန်းဦး" ကုရွေ့ကျားက စားပွဲပေါ်ကခုန်ဆင်းပြီး ပဲနို့ဘူးကိုအမှိုက်ပုံးထဲထည့်သည်။ "ငါအတည်ပြောနေတာ, ငါတို့ကုမ္ပဏီရဲ့ လေထုက မင်းကြောင့်ပျက်စီးသွားပြီ"

"ငါ့ကိစ္စမဟုတ်ဘူး" ယဲ့ဖေး နှာမှုတ်ရင်း ကွန်ပြူတာကိုဖွင့်လိုက်ပြီး စာမူများတင်သွင်းရန်အသုံးပြုသည့် သူ၏ Public inbox ထဲကိုနှိပ်ဝင်လိုက်သည်။ "ရုပ်ဆိုးတဲ့လူတွေဘဲ နောက်ကွယ်မှာအတင်းပြောတတ်ကြတာ, မင်းငါ့ကို မနာလိုနေတာမလား?"

"ငါ့ခြေထောက်ကို မနာလိုစရာလား" ကုရွေ့ကျား သူ့ကိုမျက်လုံးလှိမ့်ပြလိုက်ကာ ဘဝခိုက်စွာပြုံးလိုက်သည်။ "ငါ့ဆီကိုလာတဲ့လူတွေမှအများကြီး"

ယဲ့ဖေး မျက်ခုံးပင့်လိုက်သည်။ "အို?"

"အဟွတ်" ကုရွေ့ကျားသည် သူ့နှာခေါင်းကို ရှက်ကိုးရှက်ကန်းထိလိုက်ပြီး အကြောင်းအရာပြောင်းရန် ကြိုးစားတော့သည်။ "ပြီးခဲ့လမှာ《အာကာသကယ်ဆယ်ရေး》ရဲ့ ဘတ်ဂျက်လွန်သွားတယ်လို့ စုန့်ဝမ်က ငါ့ကိုမနေ့ကပြောတယ်, ငါတို့ဗီဒီယိုအစည်းအဝေးခေါ်လိုက်ရမလား?"

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now