[11]

4K 538 15
                                    

{Unicode}

ဩဂုတ်လ ၁၇ရက်, ၂၀၁၀ခုနှစ်,
ည ၉နာရီ ၂၃မိနစ်

ကုရွေ့ကျားသည် ရင်းနှီးမြုပ်နှံမှုအတွက်ဆိုလျှင် ညံ့ဖျင်းသောမျက်လုံးများရှိသော်လည်း မိုင်းကွင်းထောင်ချောက်များကိုတော့ ကွက်တိနင်းမိတတ်သည်။

သူကိုယ်တိုင်လည်း လုပ်ချင်ကြောင်း ယဲ့ဖေးနှလုံးသားထဲကနေကို ရှင်းရှင်းလင်းလင်း သိပေမယ့် ယန်ရှောင်းကတော့ နည်းနည်းမှ ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိပေ။

"ထွက်သွားစမ်း!" ယဲ့ဖေးသည် တည်ငြိမ်သောမျက်နှာအမူအရာဖြင့် သူ၏မတင်းတိမ် မပြည့်ဝသေးသော တပ်မက်မှုရာဂကို ဖုံးကွယ်လိုက်သည်။ "မင်း ငါ့စောင့်ရှောက်မှုကို မလိုအပ်တော့ဘူးလား?"

"မင်းဘာမှတောင် လုပ်စရာမလိုပါဘူး" ကုရွေ့ကျား ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ "သူ့မှာပိုက်ဆံရှိတယ် ဘယ်သူ့ကိုမှ အကြွေးတင်ခံမှာမဟုတ်ဘူး"

ယဲ့ဖေးသည်ဖုန်းကို ကော်ဖီစားပွဲပေါ်သို့ချလိုက်ပြီး ကုရွေ့ကျား၏လည်တိုင်က သိုင်းဖက်လိုက်ကာဖိချလိုက်၏။ "ငါမင်းအပေါ်ပိုက်ဆံအကြွေးတော့ မတင်ပေမယ့် ရိုက်ရမယ့်အကြွေးတင်နေတဲ့ပုံပဲ"

"ဟေး,ဟေး,ဟေး" ကုရွေ့ကျားသည် လက်နှစ်ဖက်ကိုဖိကပ်ထားပြီး လေထဲတွင်တဖျတ်ဖျတ်ဖြင့် ဒုက္ခရောက်နေသည့် ကြက်မတစ်ကောင်အလား ပျာယာခတ်နေသည်။ "မလုပ်ပါနဲ့ မလုပ်ပါနဲ့ ကော, မှားသွားပါတယ်နော်"

ယဲ့ဖေးက အားပိုသုံးလိုက်ပြီး ကုရွေ့ကျား အဖေ၊အမေတကာ အော်ငိုယိုလာတော့မှ သနားညှာတာစွာ လွှတ်ပေးလိုက်သည်။

ကုရွေ့ကျားက ကြက်မွေးနှင့်တူသည့် သူ့ဆံပင်များကို သပ်ရပ်အောင်ပြင်ရင်း ညည်းတွားသည်။ "မင်းပြောင်းလဲသွားပြီ, မင်းက အရင်ကယဲ့ဖေးမဟုတ်တော့ဘူး!"

ယဲ့ဖေးမှာ ကြက်သီးထသွားသောကြောင့် ဆိုဖာ၏တစ်ဖက်စွန်းထိတိုင်အောင် ကွန်ပြူတာကိုပိုက်ထားရင်း ရွေ့သွားလိုက်သည်။ ထို့နောက် Mailbox ထဲသို့ပို့ထားသော ဇာတ်ညွှန်းစာအုပ်များကို ဆက်လက်ကြည့်ရှုစစ်ဆေးလေသည်။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now