[15]

3.5K 507 22
                                    

{Unicode}

ဘာလို့လဲဆိုတော့
ကိုယ်မင်းကိုဝမ်းမနည်းစေချင်လို့

ညနေခင်း လေပြည်လေအေး‌သည် တစ်ဝက်ပွင့်နေသောပြတင်းပေါက်မှတဆင့် အိမ်ထဲသို့ဝင်လာကာ ရှားပါးသည့် နွေရာသီညများ၏အေးမြမှုကိုယူဆောင်လာ၏။ စားပွဲပေါ်ရှိ စာရွက်များမှာလည်း လွင့်ထွက်လျက် ထူးထူးခြားခြား တိတ်ဆိတ်နေသောအခန်းတွင်းတွင် အနည်းငယ်တိုးညှင်းသော်လည်း ရှင်းရှင်းလင်းလင်းကြားရသော အသံဗလံများအားပြုလုပ်နေသည်။

ယဲ့ဖေးသည် မှင်တက်နေမိ၍ မသိစိတ်က အသံလာရာရင်းမြစ်ဆီသို့ လှမ်းကြည့်မိသည်၊ ထိုအချိန်မှသာ တံခါးဖက်ကိုအာရုံရောက်သွားရင်း ယန်ရှောင်းမှာ ယခုတိုင်တံခါးအပြင်ဖက်တွင် ရပ်နေသေးကြောင်းသတိရလိုက်၏။

"-ကိုယ်မင်းကို မပြောင်းစေချင်ဘူး"

"-ကိုယ် မင်းနဲ့လည်းမကွာရှင်းချင်ဘူး"

ညအချိန်ကာလမှာ အလွန်တိတ်ဆိတ်သောကြောင့်ပင် ဖြစ်လိမ့်မည်၊ ယန်ရှောင်းသည် ထိုဝါကျနှစ်ကြောင်းအားဆိုနေချိန် သနားချင့်စဖွယ်ကောင်းလှသည်ဟု ယဲ့ဖေးခံစားမိလိုက်၏။

သို့သော် ထိုအတွေးအား သူ့ခေါင်းထဲမှ အလျင်အမြန်ထုတ်ပစ်လိုက်သည်။ ဘယ်လိုအခြေအနေမှာပင်ဖြစ်ပါစေ 'သနားစရာ' ဟူသောစကားလုံးအား ယန်ရှောင်းအပေါ်တွင် အသုံးပြုဖို့ရာမဖြစ်နိုင်ပေ။

ဖီလာအားဖြင့် ငယ်ရွယ်၍ အလားအလာကောင်းသူ၊ ထူးချွန်ထက်မြက်သူဟူသည့် နာမည်များကသာ သူနှင့်အမြဲပူးတွဲနေသည်။ အခါအားလျော်စွာ အပျက်သဘောဖြင့် အထီးကျန်ဆန်သူ၊ ကိုင်တွယ်ရခက်၍ခေါင်းမာသူဟု အမည်တပ်ခံရသော်လည်း ၎င်းတို့ကို အများအားဖြင့်လျစ်လျူရှုထား၏။

ယဲ့ဖေး သက်ပြင်းချလိုက်သည်။ ယန်ရှောင်းသည် ထပ်ခါတလဲလဲပြုလုပ်ရသော အလုပ်မျိုးနှင့် အသုံးမကျသောအပြုအမူမျိုးကို မုန်းလှသည်။ စာချုပ်အရလက်ထပ်ထားသော အိမ်ထောင်ဖက်အနေဖြင့် သူအလုပ်ကောင်းကောင်းလုပ်ခဲ့၏။ သူ့မိသားစု၏ လက်ထပ်ရန်တိုက်တွန်းနေခြင်းမှ တားဆီးရန် စာချုပ်ကအလွန်အသုံးဝင်သောကြောင့် ၎င်းကိုပြောင်းလဲဖို့ရာ စိတ်အနှောင့်အယှက်ဖြစ်မလိုပေ။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now