[25]

3.3K 468 20
                                    

{Unicode}

သူငါ့ကိုအရမ်းဂရုစိုက်တယ်
တမင်တကာ ဖုန်းတောင်ဆက်တယ်

"အဲ့လိုဆိုအဆင်ပြေနိုင်မလား? ယဲ့ဖေး" ယန်ရှောင်းက အနီးသို့ပိုတိုးလာရင်း ထပ်ပြောလေသည်။ "ကိုယ်မင်းနဲ့အတူရှိချင်တယ်" သူ၏ရိုးသားသောမျက်ဝန်းများဖြင့် ယဲ့ဖေးကို ညင်ညင်သာသာ ဆက်ပြီးစိုက်ကြည့်နေလျက်။

ထိုစကားလုံးများကို ယန်ရှောင်းပြောလိုက်ချိန် အကန့်အသတ်မဲ့နေပြီး မျှော်လင့်ချက်များဖြင့် ဖုံးလွှမ်းနေပုံရသည်၊ ၎င်းအရှိန်အဝါသည် လူတို့အား ငြင်းဆန်နိုင်စွမ်းမရှိအောင်ပြုလုပ်နေလေ၏။ ယဲ့ဖေးသည် ယန်ရှောင်း၏ ယခုလိုပုံစံကိုမကိုင်တွယ်နိုင်ပါ၊ သူလိုချင်သမျှအရာအားလုံးကို ယဲ့ဖေးပေးလိုက်ချင်မိသည်။ သို့သော် 'တစ်ချိန်ကကြိုက်ခဲ့ဖူးသောသူ'ကို ဆုံးရှုံးလိုက်ရခြင်းနှင့် 'ချစ်ရသောသူ'ကိုဆုံးရှုံးလိုက်ရခြင်းက မတူညီကွဲပြားသောအရာနှစ်ခုဖြစ်သည်။

ပထမတစ်ခုက လူကိုနောင်တများစွာဖြင့်ပြည့်နှက်စေပြီး ဆုံးရှုံးမှုကိုခံစားရစေနိုင်ပေမယ့်လည်း အများကြီးနစ်မွန်းစေမည်မဟုတ်ပေ။ သို့သော် ဒုတိယတစ်ခုမှာတော့ လူ၏စိတ်နှလုံးကို အလွန်နစ်နစ်နဲနဲထိခိုက်နိုင်စေပြီး ဘဝတစ်လျှောက်လုံး စိတ်ထဲစွဲထင်သွားစေမည်ဖြစ်သည်။

မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့ကို လက်ပိုက်ကြည့်နေရုံသာတတ်နိုင်သည့်တိုင် ယင်းတို့မှာအမျှတဆုံးဖြစ်ပါ၏။ မည်မျှပင်ချမ်းသာပါစေ ဤနည်းတူကံကြမ္မာကိုပဲ ကြုံတွေ့ရမည်ဖြစ်သည်။

သေခြင်းတရားကို ရင်ဆိုင်ရသောအခါ လက်ခံလိုက်ခြင်းမ‌ှလွဲ၍ ဘာကိုမှမလုပ်နိုင်ပါ။ အနှီဝန်ထုပ်ဝန်ပိုးကို  သူတစ်ယောက်တည်းထမ်းရုံနှင့် လုံလောက်၏၊ သူ ယန်ရှောင်းကိုပါဆွဲမထည့်ချင်ပေ။

"တောင်းပန်ပါတယ်, ဥက္ကဌယန်" ထိုယောက်ျား၏လက်ကို သူ့ပခုံးပေါ်မှ ယဲ့ဖေး ရက်ရက်စက်စက် တွန်းဖယ်လိုက်သည်။ "မင်းက ငါကြိုက်တဲ့ပုံစံမဟုတ်ဘူး"

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now