[8]

4.5K 567 32
                                    

{Unicode}

ငါ့ကိုလွမ်းလို့လား?

ဘားထဲရှိ စည်းချက်ညီညီသီချင်းသံမှာ အထွတ်အထိပ်သို့ ရောက်နေပြီး ကောင်းကင်ဘုံသို့ရောက်ရန် ကြိုးစားနေသကဲ့သို့ ကျယ်သထက်ကျယ်လာသည်။ ကျယ်လောင်ပြီးရင်း ကျယ်လောင်လာသည့် ဒရမ်သံများကြောင့်လည်း ဘေစင်ဘေးရှိ အပင်လေးများမှအရွက်တို့ပင် အနည်းငယ်တုန်ခါနေသည်။

ယန်ရှောင်း ထိုနေရာမှာပဲ မလှုပ်မရှားဘဲ တိတ်တိတ်လေး ရပ်နေသည်။

ယဲ့ဖေးက မရှိဘူးဟုပြောသည့်အချိန်တွင် ယန်ရှောင်းမှာ လမ်းဘေးက အရေးမပါသော ကျောက်စရစ်ခဲ‌လေးဖြစ်နေသည့်အလား ဂရုမစိုက်ဟန်ဖြင့် ပေါ့ပြက်ပြက်ပြော၏။ သူကြိုက်သည့် ပန်းပွင့်များ၊ ပန်းပင်များနှင့် မယှဉ်နိုင်သည့်အပြင် သူမသိချင်ယောင်ဆောင်လိုရော၊ အဝေးကိုကန်ပစ်လို့ရောရသည့် ကျောက်စရစ်ခဲလေးတစ်ခု..

အပ်ချည်မျှင်တန်းတစ်ခုလို နာကျင်မှုတစ်မျိုးသည် သူ့နှလုံးသားထဲတွင် ပေါ်ထွက်လာပြီး သိပ်သည်းစွာ နေရာအနှံပျံ့နှံ့သွားသည်။ ယန်ရှောင်း လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်လိုက်ပြီး ‌အနီရောင်စာအုပ်ငယ်လေးကို ထုတ်ကာ ဖွင့်လိုက်သည်၊ အပေါ်ညာဖက်ထောင့်ရှိ ဓာတ်ပုံထဲတွင် ယဲ့ဖေးသည် အဖြူရောင်ရ‌ှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့ဘေးတွင် ပျော်ရွှင်စွာ ပြုံးနေသည်ကိုတွေ့ရသည်။

ကမ္ဘာပေါ်ရှိ အပြစ်အနာဆာအကင်းဆုံး သက်သေအထောက်အထားဖြစ်သည့် တုနှိုင်းမရသော လက်ထပ်မှတ်ပုံတင်မှ စတီးတံဆိပ်တုံးဘောင်သည် ယန်ရှောင်းကို မိမိကိုယ်ကိုယ်ယုံကြည်မှုနှင့် နှစ်သိမ့်မှုတို့ကို နောက်တစ်ကြိမ်‌ ပေးနိုင်ခဲ့သည်။

သူ့အကြည့်မှာ အနှီစာအုပ်ငယ်လေးပေါ်သို့ ကျောက်ချနေပြီး အကန့်ခွဲထားသောအခန်းမှ လော့ခ်ဖွင့်သံကြားသော် ပြန်ထားလိုက်၏။

"ငါဒီတစ်လော သောက်ဖြစ်မှာမဟုတ်တော့ဘူး" ယဲ့ဖေးကို လော့ခ်ကိုဖိလိုက်ပြီး တံခါးဖွင့်သည်။ "နည်းနည်းမူးနေသလို ခံစားရတယ်, မနက်ဖြန်စောစောထရမှာ..."

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now