[27]

2.9K 446 15
                                    

{Unicode}

ဆက်တိုက်ပူဆာနေပြီး 'ကော' လို့ခေါ်တယ်

အမူးသမားများအားလုံးမှာ ဆင်ခြင်တုံတရားမရှိကြပဲ ဗီဇအလျောက်တုံ့ပြန်တတ်ကြသည်။ အရက်သည် ယန်ရှောင်း၏ နှစ်ပေါင်းများစွာရှည်ကြာခဲ့‌သော သည်းခံမှုနှင့် တုံ့ဆိုင်းမှုတို့ အရည်ပျော်စေခဲ့ပြီး သူ့မျက်လုံးများက သူ့ရှေ့က လူသားလေး၏ လှပနူးညံ့သောနှုတ်ခမ်းကိုသာ မြင်တော့သည်။

သူအလွန်ကို မြတ်နိုးခဲ့ရပါသောသူမှာ သူ့လက်တစ်ဖျားအလိုတွင်ရှိနေခဲ့၏။

ယန်ရှောင်းသည် လက်တစ်ဖက်ဖြင့် ယဲ့ဖေး၏လက်ကောက်ဝတ်ကို ဖမ်းကိုင်လျက် နောက်လက်တစ်ဖက်ဖြင့် သူ့ခေါင်းနောက်ကို မြဲမြဲဆုပ်ကိုင်ထားလိုက်သည်။ ထစ်ငေါ့မှုမရှိဘဲ သူချောချောမောမောနမ်းလိုက်၏။ ယဲ့ဖေး၏ခန္ဓာကိုယ်မှာ အရှေ့သို့ယိုင်နေပြီး သူ့မေးစေ့ကို အတင်းအကျပ် မြင့်မြင့်မော့ထားခံရသည်၊ စိတ်ရှုပ်ထွေးစေနိုင်သော ကျိုးပဲ့လွယ်ဟန်ပုံစံမျိုးဖြင့် မျဉ်းဖြောင့်တစ်ကြောင်းနီးပါး ဆန့်ထားရသော သူ၏သွယ်လျလျလည်တိုင်လေးမှာ ယန်ရှောင်းရှေ့တွင် လုံးလုံးလျားလျား လှစ်ဟပြသထားခံရသည်။

ယန်ရှောင်းမှာ ဘယ်လိုနမ်းရမလဲမသိ၍ သူ့လှုပ်ရှားမှုများမှာ ကိုးရိုးကားယားနိုင်ကာ အကျွမ်းတဝင်မရှိလှပေ။ သူသည် ယဲ့ဖေးကို ဖိညှစ်ပြီး မျိုချပစ်ရန်ကြံရွယ်ထားသည့်အလား ယဲ့ဖေးအပေါ်တွင် ကြီးမားသောခွန်အားကို အသုံးပြုထားသည်။

သူတို့နှစ်ဦး၏ ဝင်သက်ထွက်သက်များမှ သင်းပျပျဝိုင်ရနံ့သည် ပြင်းထန်သော ဟော်မုန်းများနှင့် ရောယှက်လျက် အလုံပိတ်ကားလေးအတွင်း ပျံ့နှံ့နေသည်။ လေထုသည်လည်း ဂနာမငြိမ်ဘဲ မရေမရာမှုများဖုံးလွှမ်းနေသည်။

ကနဦး၌ အံ့အားသင့်နေခဲ့သော ယဲ့ဖေးမှာ နောက်ဆုံးတော့ တုံ့ပြန်လေပြီ။ သူသည် သူ့လက်ကိုဆန့်ထုတ်ရင်း ယန်ရှောင်းကို တွန်းထုတ်ကာ သူ့ကိုအလွှတ်မပေးသော ထိုနှုတ်ခမ်းများကို ပထုတ်ရန် သူ့ခေါင်းကိုစောင်းလိုက်သည်။ "မလုပ်နဲ့... အ့..."

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now