[7]

4.3K 566 20
                                    

{Unicode}

ခံစားချက်မရှိတော့ဘူး

ယဲ့ဖေးကို ဘားမှာတွေ့ရမယ်လို့ ယဲ့ယောင် မထင်ထားခဲ့ဘူး။

ယဲ့ဖေးက ကူညီရန်ငြင်းခဲ့သောကြောင့် တင်းယွမ် လက်ရှိကြုံတွေ့နေရသည့် ဘဏ္ဍာရေးအကျပ်အတည်းမှာ အသေးအမွှားမဟုတ်ပေ။ ထို့အပြင် မနေ့ညတည်းက သူ့အဖေသည် သူ့ကိုတွေ့တိုင်း တစ်ခုခုပြောချင်သလိုဖြင့် ကြည့်နေသော်လည်း ဘာမှမပြောလာပါ။

တစ်ခေါက်က သူ့ရှေ့မှာတောင် လွှတ်ခနဲပြောဖူးသည်။ "မင်းသာ မင်းအစ်ကိုလိုအရည်အချင်းရှိရင်..."

သူ့ကို အခြားသူများက ယဲ့ဖေးနှင့် လာလာနှိုင်းယှဉ်သည်ကို ယဲ့ယောင် အရမ်းမုန်း၏။ ထို့အပြင် သူ့အဖေက သူ့ကိုဆိုအမြဲမျက်နှာသာပေးပြီး ကောင်းပေးလေ့ရှိသည်။ ဘယ်သောအခါမ‌ှ သူ့အပေါ်တွင် ပေါ်ပေါ်ထင်ထင် စိတ်ပျက်မှုမျိုးအား မပြဖူးခဲ့ပေ။

ဤကြီးမ‌ားသော စိတ်ပိုင်းဆိုင်ရာကွာဟချက်က ယဲ့ယောင်ကို သည်းမခံနိုင်အောင်ဖြစ်စေသည်။ ကုန်လွန်ခဲ့သောနှစ်ရက်အတွင်း သူ့မှာဒဏ်ရာတွေကိုတောင် ဂရုမစိုက်နိုင်ဘဲ သူ့ကိုသူသက်သေပြရ‌န် အောင်မြင်မှုအချို့ကို အသည်းအသန်ပြုလုပ်လိုခဲ့သောကြောင့် နေရာတိုင်းတွင် ရင်းနှီးမြုပ်နှံလို့ရမည့် နည်းလမ်းများကိုရှာဖွေခဲ့သည်။

ကံကောင်းစွာဖြင့် သူငယ်ချင်းတစ်ယောက်ကနေတဆင့် လိကျုံးယွမ်နှင့်တွေ့ဆုံနိုင်ခဲ့ပြီး《အနှစ်သက်ဆုံးကိုယ်လုပ်တော်အား အမြင့်သို့ရောက်စေရန် နည်းလမ်းအသွယ်သွယ်》ပရောဂျက်ကိုသိခဲ့သည်။

လိကျုံးယွမ်သည် ထိပ်တန်းပြည်တွင်းဖျော်ဖြေရေးကုမ္ပဏီဖြစ်သည့် ပေါင်ဖုန်းမီဒီယာ၏ အမွေဆက်ခံသူဖြစ်ပြီး ချမ်းသာသောဒုတိယမျိုးဆက်ယဲ့ယောင်နှင့် တူညီသောအသိုင်းအဝိုင်းတွင်မရှိပေ။ ယဲ့ယောင်သည် သူ့ကို ဂုဏ်ပြုညစာစားပွဲများတွင် အကြိမ်ကြိမ်တွေ့ဖူးပြီး တတ်နိုင်သမျှလုပ်တာတောင် တစ်ဖက်သူ၏လုပ်ငန်းကတ်ကိုပင် တောင်းဖို့အခွင့်အရေးမရခဲ့ပါ။

ယဲ့ယောင်သည် နောက်ဆုံးတော့ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေးရောက်ရှိလာပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။ ပေါင်ဖုန်းမီဒီယာကတောင် ယုံကြည်မှုရှိနေတဲ့ ဒီတီဗီစီးရီးက ဘယ်လိုလုပ်ဆိုးရွားနိုင်မှာလဲ? ဒါကြီးက အိပ်နေရင်း ပိုက်ဆံရှာနေသလိုပဲဖြစ်မှာ!

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now