[44]

2.5K 344 11
                                    

{Unicode}

အနာတွေက အခုထိနာသေးလား?

ယဲ့ဖေး ခပ်တိုးတိုးရယ်လိုက်သည်။ ဆိုတော့ ယန်ရှောင်းခံစားချက်အတွက် အကြံပေးပုဂ္ဂိုလ်ရှိတာပေါ့လေ။

အနောက်မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်ကို သူ ရုတ်တရက် သတိရသွားသည်။ ယန်ရှောင်း ထွက်သွားခဲ့သော်လည်း စောင့်ကြည့်ကင်မရာကြောင့် ချက်ချင်းပြန်လှည့်လာခဲ့သည်။ အရင်က သူ ၎င်းကိုများများစားစားမတွေးခဲ့ပေမည့်လည်း ယခုတော့ ချန်းမင်ဟောင်လက်ချက်ဆိုတာ စုံစမ်းစရာပင်မလိုဘဲ တန်းသိလိုက်သည်။

မိခင်တစ်ယောက်နှယ် ဂရုစိုက်ပေးသော ဤသူငယ်ချင်းမျိုးမှာ ကမ္ဘာပေါ်တွင် နံပါတ်တစ်အကောင်းဆုံးသူငယ်ချင်းဟုဆိုနိုင်သည်။

"အိမ်ပြန်တော့" ယဲ့ဖေး စားပွဲပေါ်က ကားသော့ကိုယူလိုက်ကာ ပစ္စည်းကျန်မကျန်စစ်ဆေးရန် စားပွဲကိုတစ်ချက်ပြန်ကြည့်လိုက်သည်။ သူ ရုံးခန်းထဲကနေထွက်သွားရင်း ယန်ရှောင်းကိုပြောလိုက်သည်။ "ရှော့ပင်မသွားနဲ့"

ယန်ရှောင်းက နှုတ်ဆိတ်နေခဲ့သည်။ ကြည့်ရတာ ယဲ့ဖေး အံ့ဩသွားအောင်မလုပ်နိုင်ခဲ့လို့ စိတ်ပျက်နေပုံပင်။

ယဲ့ဖေး ဓာတ်လှေကားထဲဝင်လိုက်ပြီး ကားပါကင်အထပ်ကိုနှိပ်လိုက်ကာ သူ့ကိုရှင်းပြလိုက်သည်။ "အိမ်ပြန်ရောက်ရင် မင်းကိုတွေ့ရတာက ငါ့အတွက်အကောင်းဆုံး Surprise ပဲ"

"ကိုယ်ပြန်လာခဲ့မယ်" ယန်ရှောင်းက တမုဟုတ်ချင်းဖြေလာတော့သည်။

ယဲ့ဖေး "အင်း" ဟုအသံပေးပြီးနောက် နှုတ်ဆက်ကာ ဖုန်းချလိုက်တော့သည်။

အိမ်အပြန်လမ်းတွင် ယဲ့ဖေး သူနှင့်ယန်ရှောင်းကြားကဆက်ဆံရေးကို မနေနိုင်၊ တွေးမိသည်။ စုံတွဲများသည် တွဲနေချိန်တွင် ရှည်ကြာသော Break-in* ကာလမျိုးကို ပုံမှန်ကြုံလေ့ရှိကြသည်။ သို့သော် အံ့ဩဖွယ်ကောင်းသည်မှာ သူနှင့်ယန်ရှောင်းကြားတွင် ထိုကိစ္စမျိုး ဘယ်တုန်းကမှမဖြစ်ပွါးခဲဲ့ပါ။

— [Break-in period ဆိုတာ စုံတွဲတွေကြား အကြာကြီး အဆက်အသွယ်မရှိ၊ အထိအတွေ့မရှိပဲ စိမ်းသက်နေတဲ့အချိန်မျိုးပါ]

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now