{Unicode}
ဒီပစ္စည်းကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ...
ထိုနေ့ညတွင် ယဲ့ဖေး လသာဆောင်၌ ဆေးလိပ်သောက်ခဲ့၏။
သူငှားရမ်းထားသည့် တိုက်ခန်းမှာ နှစ်ဆယ့်သုံးထပ်တွင်ရှိပြီး တစ်မြို့လုံး၏ညကောင်းကင်ယံကို အပေါ်စီးမှမြင်နိုင်သော ကျယ်ကျယ်ဝန်းဝန်း လသာဆောင်တစ်ခုရှိသည်။
နွေညချမ်း၏လေညင်းမှာ စိုစွတ်ကာ လန်းဆန်းစေပြီး တစ်နေ့တာအပူနှင့် မှိုင်းတိုက်မှုကို သယ်ဆောင်သွားသည်။ အတွေးထဲ တွေဝေနစ်မောနေမိလျက် ယဲ့ဖေးသည် ပန်းခက်ပန်းနွယ်များ ထုထွင်းထားသည့်လက်ရန်းကိုမှီကာ ညကောင်းကင်ကိုမော့ကြည့်လိုက်၏။ ဆေးလိပ်တစ်ခုလုံးနီးပါး ပြာကျသွားသည်ကိုပင် သူသတိမထားမိလိုက်။
ယန်ရှောင်းက သူရဲ့ဘာကိုကြိုက်တာလဲ? သူ့မျက်နှာလား?
သို့သော် လာမည့်နှစ်နှစ်အတွင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွယ်သားများမှာ တဖြည်းဖြည်းချည့်နဲ့လာလိမ့်မည်ဖြစ်ပြီး သူ့မျက်နှာမှာလည်း လိမ်ဖယ်ရွဲ့စောင်းကာ ရုပ်ဆိုးသွားမည်ဖြစ်ပါ၏။ အဆုံးသတ်တွင် သူ့ကို 'သာမန်လူတစ်ဦး' အနေဖြင့်ပင် သတ်မှတ်လို့ရတော့မည်မဟုတ်ပေ။
ယဲ့ဖေး အသက်ရှိုက်လိုက်ကာ သူ့ကိုသူ ရယ်မောလိုက်သည်။ သူသည် ယန်ရှောင်းအား အရှုံးမများမီ အရာအားလုံးကို ရပ်တန်းကရပ်စေချင်ပြီး သူ့အပေါ်အချိန်ဖြုန်းနေချင်ကိုလည်း ရပ်လိုက်စေချင်သည်။ သို့သော်ငြားလည်း ဤလွန်ဆွဲပွဲတွင် ယန်ရှောင်းသည် လက်လျှော့အရှုံးပေးရန် ရည်ရွယ်ချက်မရှိကြောင်းအား ပြတ်ပြတ်သားသား ပြသနေခဲ့သည်။ ဆန့်ကျင်ဖက်အားဖြင့် သူသာလျှင် တိုက်ပွဲတွင် လုံ့လဝီရိယချို့တဲ့နေသူဖြစ်နေသည်။
သူသည် ယန်ရှောင်းအကြောင်းအား ပို၍ မကြာမကြာတွေးမိနေသည်။ သူ့နှလုံးသားကလည်း ယန်ရှောင်းပေါ်တွင် တစ်နေ့တစ်ခြား ပိုပိုပြီးနူးညံ့လာနေသည်။ သူတို့တွေ မတော်တဆတွေ့ဖြစ်တိုင်း၊ အချင်းချင်း၏ မျက်ဝန်းများဆုံသွားတိုင်း ယန်ရှောင်း၏ဆန္ဒများကို ဖြည့်ဆည်းပေးလိုသောအတွေးဖြင့် သူ့နှလုံးသားက အမြဲလှုပ်လှုပ်ရွရွဖြစ်နေသဖြင့် ယဲ့ဖေးမှာ သူ့ကိုသူချုပ်တည်းရန် အလွန်အမင်းခက်ခဲနေလေပြီ။
YOU ARE READING
ငါကွာရှင်းချင်တယ် [ဘာသာပြန်]
RomanceIQ မြင့်ပြီး EQ နိမ့်သည့် Gong X ပြန်လည်မွေးဖွားလာသော Shou Name - I Just Want To Divorce / 我就想离个婚 Author - Lian Shuo / 连朔 Status in COO - 56 chapters + Extra (Completed) I DO NOT OWN ANYTHING. THIS IS JUST A FAN TRANSLATION. CREDIT TO ORIGINAL AUTHO...