[26]

3.2K 467 25
                                    

{Unicode}

သူ၏ပါးစပ်ကိုပိတ်ဆို့ရန်
သူ့နှုတ်ခမ်းများကိုအသုံးပြုလိုက်သည်။

ရုံးခန်းထဲရှိလေထုမှာ ရှင်းပြရခက်လောက်အောင် လေးလံသွား၏။

ချန်းမင်ဟောင်သည် ကိုယ်ကိုငုံ့ကိုင်းလိုက်ရင်း ရေသောက်ရန် စားပွဲအောက်မှ ရေတစ်ပုလင်းယူလိုက်ကာ ယန်ရှောင်းထံလည်း တစ်ပုလင်းကမ်းလိုက်သည်။ "ရှောင်းကော, အဆင်မပြေနိုင်ရင်လည်း မေ့လိုက်ပါတော့"

ယန်ရှောင်းမှာ အချိန်အတန်ကြာ နှုတ်ဆိတ်နေပြီးနောက် ပြန်ရွတ်သည်။ "မေ့လိုက်ရမယ်?"

ပါးစပ်ထောင့်ရှိ ရေအစွန်းအထင်းကို ချန်းမင်ဟောင်သုတ်လိုက်ကာ, "ဖေးကော, သူက မင်းရဲ့ ပုံစံကို မကြိုက်လို့ပဲနေမယ်. ခုနနှစ်အကြာမှာ မင်းလက်ထပ်လက်မှတ်ရပြီးပေမယ့်လည်း အဆုံးမှာတော့..." ချန်းမင်ဟောင်၏စကားလုံးများမှာ တန်းလန်းရပ်သွားလေသည်။

ယန်ရှောင်း မျက်လုံးများထဲရှိ အေးစက်မှုက သူ့ကိုအရှင်လတ်လတ် ခုတ်ပိုင်းဖြတ်ချင်နေသလိုပင်။

"ဘာလဲ... ငါမှားပြောမိလို့လား?" ချန်းမင်ဟောင်သည် ခြောက်ကပ်ကပ်ရယ်မောလိုက်ကာ ယန်ရှောင်းနှင့် အဝေးသို့လူးလွန့်သွားလိုက်၏။ "...မင်းရဲ့ အခြေအနေကို အသေးစိတ်ပြောပြရင် ငါခွဲခြမ်းစိတ်ဖြာပြီး ကူညီပေးလို့တော့ရတယ်?"

"...ဘယ်လိုလူမျိုးတွေက ကစားရတာကြိုက်တာလဲ?" ယန်ရှောင်းက ရုတ်ခြည်းမေးလေသည်။

"အာ?" ချန်းမင်ဟောင်မှာ အခိုက်အတန့်မျှ ကြက်သေသေသွားပြီးနောက်တော့ သူ့ရင်ဘတ်ကို ဝမ်းသာအားရပုတ်ပြသည်။ "ငါ့လိုလူမျိုးတွေပေါ့. နေ့ဖက်ဆို ရုံးမှာ ဝတ်ကောင်းစားလှနဲ့ လူကြီးလူကောင်းလိုပြုမူတယ်. ညဖက်ကျတော့ ဘားထဲမှာ ပတ်ပြီးပရောပရည်လုပ်ရင်း အပျော်ရှာတယ်"

ယန်ရှောင်း မတ်တပ်ထရပ်လိုက်သည်၊ သူ့မျက်လုံးများက ချန်းမင်ဟောင်ကို စူးစိုက်ကြည့်နေလျက်။

"ဘာလဲ, ဘာဖြစ်လို့လဲ?" ချန်းမင်ဟောင်မှာ အလွန်လန့်ဖျပ်သွားရသဖြင့် စကားပင်ထစ်သွားသည်။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now