{Unicode}
တစ်ကိုယ်လုံးစစ်ဆေးဖို့ ကြိုတင်စာရင်းသွင်းပေး
ယန်ရှောင်းက သူ့ကိုဘယ်ကတည်းက စကြိုက်တာလဲ? သူက ဘာများကောင်းနေလို့လဲ?
ယန်ရှောင်း၏ ချစ်ခြင်းမေတ္တာကိုဖော်ပြသည့် အရိပ်အယောင်ကိုရှာတွေ့လိုတွေ့ရငြား သူနှင့်အတူရှိခဲ့သောနှစ်ဘဝလုံးကို နည်းနည်းချင်းစီဖြင့် ပြန်မှတ်မိရန် ထပ်ခါတလဲလဲကြိုးစားရင်း ယဲ့ဖေး တစ်ညလုံးနိုးနိုးကြားကြားဖြစ်နေခဲ့သည်။ ထို့ကြောင့် နောက်နေ့မနက်တွင် သူသည် မျက်လုံးအောက်တွင်မျက်တွင်းမည်းကြီးများဖြင့် ထျန်းရှီသို့ရောက်သွားတော့သည်။
"Yo, မင်းမနေ့ညကဘာလုပ်ခဲ့တာလဲ?" ကုရွေ့ကျားက သူ့ပခုံးနားတစ်ဝိုက် လက်ဖြင့်သိုင်းဖက်လာရင်း မျက်စိမှိတ်ပြသည်။ "တအားကြီးကပ်တွယ်နေဖို့မလိုပါဘူးကွာ, ပြီးရင်တွေ့ရမှာဘဲကို"
"မင်းဦးနှောက်က ဆွေးမြေ့နေတဲ့အမှိုက်ပုံကြီးပဲ" ယဲ့ဖေးသည် ခါးသီးမှုကိုပြေစေရန် အမေရိကာနိုတစ်ငုံသောက်လိုက်သည်။ "လုပ်စရာမရှိရင်လည်း အလုပ်သွားလုပ်, ငါ့ရှေ့မပေါ်လာနဲ့"
"ချီး" ကုရွေ့ကျားက အမျက်ထွက်လွန်းသဖြင့် ရယ်လိုက်သည်။ "မင်းငါ့ကို လူ့တိရစ္ဆာန်တစ်ကောင်လိုဆက်ဆံတာပဲ"
"ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးမနေနဲ့" ယဲ့ဖေးက သူ့ကိုအသိအမှတ်ပြုရန်ငြင်းလေသည်။ "မင်းလို အသုံးမကျတဲ့တိရစ္ဆာန်မျိုးမရှိဘူး"
ကုရွေ့ကျားမှာ နှုတ်ဖြင့်တိုက်ပွဲတွင် မည်သည့်အခါမျှအနိုင်မရ၍ စီးပွားရေးအကြောင်း ပြောင်းပြောလိုက်တော့သည်။ "ဘာလုပ်နေတာလဲ, မင်းမေ့သွားပြီလား? ငါတို့ခဏနေရင် ဖေးရှောင်းကိုသွားရမယ်လေ"
ယဲ့ဖေးကြက်သေသေသွားသည်။ သူတကယ်မေ့နေခြင်းဖြစ်၏။
《အမူးပြေပါတော့》ကိုရိုက်ကူးနေသည်မှာ တစ်လခွဲမျှ ကြာမြင့်နေပြီဖြစ်သည်။ အွန်လိုင်းဒရာမာတစ်ခုကို ထုတ်လုပ်မှုကြာချိန်သည်တိုတောင်းပြီး ၎င်းမှာလဝက်အတွင်းပြီးမည်ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် ဖေးရှောင်းဗီဒီယိုနှင့်တွေ့ပြီး ကြော်ညာအစီအစဉ်အကြောင်းပြောရန် အချိန်းအချက်ပြုလုပ်ထားသည်။
YOU ARE READING
ငါကွာရှင်းချင်တယ် [ဘာသာပြန်]
RomantikIQ မြင့်ပြီး EQ နိမ့်သည့် Gong X ပြန်လည်မွေးဖွားလာသော Shou Name - I Just Want To Divorce / 我就想离个婚 Author - Lian Shuo / 连朔 Status in COO - 56 chapters + Extra (Completed) I DO NOT OWN ANYTHING. THIS IS JUST A FAN TRANSLATION. CREDIT TO ORIGINAL AUTHO...