[6]

5K 557 13
                                    

{Unicode}

အဲ့ဒီရှိုးက အမြတ်ရနိုင်ချေရှိတယ်

နောက်တစ်နေ့ ယဲ့ဖေးအိပ်ယာနိုးချိန်မှာ ဆယ့်တစ်နာရီထိုးခါနီးလေပြီ။ သူနေမကောင်း၍ အိပ်ယာထဲလဲနေခဲ့ရသည့် အချိန်မှလွဲ၍ ယနေ့တွင် သူပထမဆုံးအကြိမ်ဖြင့် အကြာကြီးအိပ်ခဲ့သည်။

လူတော်တော်များများ ငိုယိုပြီး ငါးဆားနယ်တစ်ကောင်လို နေချင်တယ်ပြောတာကို သူမအံ့ဩတော့ဘူး။ ဒါက တကယ်ကို သက်တောင့်သက်သာရှိတာပဲ.. ယဲ့ဖေးသမ်းလိုက်သည်။

ယဲ့ဖေး ပျင်းပျင်းရိရိဖြင့် ဂွမ်းစောင်ထဲမှလက်ဆန့်ထုတ်လိုက်တာ တခဏလောက် ခုတင်ဘေးရှိရီမုတ်ကို စမ်းတဝါးဝါးရှာလိုက်၍ အော်တိုခန်းဆီးလိုက်ကာများကို ဖွင့်လိုက်သည်။

နေရောင်သည် ဖြည်းညင်းစွာ အခန်းထဲသို့ ဝင်ရောက်လာပြီး အမှောင်ထုကို ခေါ်ဆောင်သ‌ွားသည်။ ဆေးကြောဖို့မသွားခင် နေရောင်ခြည်ကို ကျင့်သားရဖို့ရာ သူ့မျက်လုံးများကို ခဏလောက်မှေးကျဉ်းလိုက်သည်။

မျှော်လင့်ထားတဲ့အတိုင်း ယန်ရှောင်းသည် အိမ်မှာမရှိပေ။ ယဲ့ဖေးသည် အိမ်နောက်ဖေးကို ဦးတည်လိုက်ကာ သူ့အစာအိမ်ကိုဖြည့်ရန် ရေခဲသေတ္တာထဲမှ တစ်ခုခုယူလိုက်ပြီးနောက် အပြင်ထွက်သွားတော့သည်။

မနေ့က သူ့အဝတ်အစားတွေအားလုံးကို လှူလိုက်တာကြောင့် ဝတ်စရာတစ်ထည်မှ မရှိတော့ပေ။ ‌ဒီနေ့ သူ့ဗီရိုကိုပြန်ဖြည့်ရမယ်။

ယန်ရှောင်း၏ဗီလာသည် မြို့လယ်ကောင်နှင့်ဝေး၏။ ဦးတည်ရာသို့မရောက်မှီ ယဲ့ဖေးကားကို တစ်နာရီလောက်မောင်းလိုက်ရသည်။ ကံကောင်းသည်မှာ မောလ်တွင် နာမည်ကြီးဆိုင်များက တစုတစည်းတည်း တစ်နေရာထဲတွင်ရှိနေသောကြောင့် အချိန်ကုန်သက်သာသည်။

သူ၏ပင်ကိုစရိုက်မှာ သပ်ရပ်သောကြောင့် အဝတ်အစားများအား ခပ်မြန်မြန်ဝယ်လို့ပြီးသွားသည်။ သူဝတ်တောင် မဝတ်ကြည့်ခဲ့ပေ။ ကောင်းသည်ဟုထင်သော အဝတ်အစားများကို အရောင်းဝန်ထမ်းအား သူ့ဆိုဒ်အတိုင်း ထုတ်ပေးခိုင်းလိုက်သည်။ အော်ဒါနှင့် ငွေပေးချေမှုကဏ္ဍမှာ တစ်ဆက်တည်းဖြစ်သောကြောင့် Rainbow farts*[၁] များပြင်ဆင်ထားသော အရောင်းဝန်ထမ်းအတွက် အချိန်မရှိလိုက်ပေ။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now