{Unicode}
ဥက္ကဌယန်နဲ့ ဥက္ကဌယဲ့တို့ရဲ့ဆက်ဆံရေးက
အရမ်းကောင်းတာပဲသိပ်မဝေးသောနေရာမှ စုန့်ဝမ်၏ကြမ်းတမ်းသည့်အော်သံကို ပြတ်ပြတ်သားသားကြားနေရသလို ဇာတ်ကွက်အကြောင်းတိုင်ပင်နေကြသည့် ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာနှစ်ယောက်၏ တီးတိုးစကားသံများကိုလည်းကြားနေရသည်။ ယဲ့ဖေး လက်ဖျားများတုန်ယင်သွားသည်၊ သူ့အပေါ်ထားရှိသည့် ယန်ရှောင်း၏အချစ်က နှလုံးခုန်သံတစ်ခုထက်ပိုကြောင်းအား ထိုအခိုက်အတန့်တွင် သူရှင်းရှင်းလင်းလင်းသဘောပေါက်လိုက်သည်။
ယဲ့ဖေး စိတ်ထဲတောင်မထည့်သည့် သာမညနာမကျန်းဖြစ်မှုကို သူကတော့ ကိစ္စကြီးတစ်ရပ်လိုသဘောထားသည်လေ။
ယဲ့ဖေး နှစ်ဘဝလုံးလုံး တောင့်တခဲ့သောဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာကို ယန်ရှောင်းကပေးနေခဲ့သည်။ သူအသက်ပြင်းပြင်းရှုသွင်းလိုက်ကာ သူ့ကိုသူတည်ငြိမ်စေလိုက်သည်။ "ငါဒီမှာဆိုတာကို မင်းဘယ်လိုသိလဲ?"
"ကိုယ် ကုရွေ့ကျားကိုမေးလိုက်တာ" ယန်ရှောင်းက ပိုင်နိုင်စွာဖြေ၏။
"ငါ့ကိုဘာလို့ကြိုမပြောတာလဲ?" ယဲ့ဖေး တဖန်ထပ်မေးလိုက်သည်။ ယန်ရှောင်းက အကြည့်လွှဲရင်း သူနှင့်မျက်လုံးချင်းမဆုံအောင် ကြိုးစားလေ၏။
"မင်း ကိုယ့်ကိုလာစေချင်မှာမဟုတ်ဘူး" သူ့အသံမှာ ပုံမှန်ထက် အနည်းငယ်တိုးဖွနေသည်။
"ကုမ္ပဏီမှာအလုပ်မများဘူးလား?" ဖေးရှောင်းနည်းပညာ၏ နောက်ဆုံးထွက်ဂိမ်းမှာ သက်ဆိုင်ရာအာဏာများထံမှ ပြန်လည်စစ်ဆေးမှု မအောင်မြင်သေးဘူးဆိုတာကို ယဲ့ဖေးသိပါသည်။ ကုမ္ပဏီတစ်ခုလုံးက အတည်ပြုချက်ရရန်လုပ်နေလျက်ရှိသည်။ ထို့အပြင် ယန်ရှောင်းကလည်း ဖေးရှောင်းဗီဒီယိုချဲ့ထွင်ရေးအတွက် အလုပ်များနေသည်မဟုတ်ပါလား။ အလုပ်ပမာဏက နည်းတာမဟုတ်ပေ။
"မများဘူး..." ယန်ရှောင်းတန့်သွားသည်၊ ယဲ့ဖေး၏မဆုတ်မနစ်အကြည့်အောက်ဝယ် သူ့စကားလုံးများကိုပြန်ပြင်လိုက်သည်။ "ကိုယ်အွန်လိုင်းကနေလုပ်လို့ရတယ်"

YOU ARE READING
ငါကွာရှင်းချင်တယ် [ဘာသာပြန်]
RomanceIQ မြင့်ပြီး EQ နိမ့်သည့် Gong X ပြန်လည်မွေးဖွားလာသော Shou Name - I Just Want To Divorce / 我就想离个婚 Author - Lian Shuo / 连朔 Status in COO - 56 chapters + Extra (Completed) I DO NOT OWN ANYTHING. THIS IS JUST A FAN TRANSLATION. CREDIT TO ORIGINAL AUTHO...