[39]

2.2K 363 12
                                    

{Unicode}

အခုအချိန်မှာ မင်းကလွဲရင်
ကိုယ့်ခေါင်းထဲဘာမှမဝင်ဘူး

အိမ်တွင် တိတ်ဆိတ်မှုကကြီးစိုးနေခဲ့သည်။

ယန်ရှောင်းသည် သူ့မျက်လုံးများမှတဆင့် သူ့အတွေးများကို သိရှိစေချင်နေသည့်အလား ခိုင်မာပြတ်သားသောအကြည့်ဖြင့် ယဲ့ဖေးအားကြည့်နေခဲ့သာ်။

ယဲ့ဖေးမှာ အင်အားမဲ့နေလျက် သူ့နှလုံးသားမှာလည်းဆို့နင့်နေသည်။ သူတို့တွင် အချိန်နှစ်နှစ်ကျန်တော့ကြောင်းအား ယန်ရှောင်းကိုပြောလိုက်ချင်သည်။ လက်တွေ့မကျသောအတွေးများကိုဆုပ်ကိုင်ထားမည့်အစား ရှောင်လွဲလို့မရမည့်နိဂုံးကိုလက်ခံရန် ယန်ရှောင်းကို သူပြောလိုက်ချင်သည်။ သို့သော် ယန်ရှောင်း၏အလျှော့မပေးသောအကြည့်တို့ဖြင့်ဆုံသွားချိန် စကားလုံးတို့မှာ နှုတ်ဖျားကနေပျောက်ကွယ်သွားသည်။

ခဏလောက်အကြာမှ သူခေါင်းမော့လိုက်ပြီး ယန်ရှောင်း၏နှုတ်ခမ်းပါးများကို နမ်းလိုက်သည်။ "ယန်ကော, ငါတို့လုပ်နိုင်တာကိုလုပ်ပြီး ကျန်တာကိုတော့ ကောင်းကင်ဘုံကိုဘဲဆုံးဖြတ်ခိုင်းလိုက်ရအောင်, အများကြီးမတွေးနဲ့ ပျော်ပျော်နေရအောင်နော်. ဟုတ်ပြီလား?"

ယဲ့ဖေးပြောတာကို ယန်ရှောင်း သိပ်နားမလည်လိုက်ပေ။ သူ့ခံစားချက်တွေကို ယဲ့ဖေးကမယုံတာလား? သူသည် ယဲ့ဖေးကို လက်မောင်းများဖြင့်တင်းတင်းဖက်ထားပြီး "ကိုယ်မင်းကိုအရမ်းသဘောကျတယ်" နှင့် "ကိုယ်မပျော်မရွှင်မဖြစ်ဘူး" ဟူသော စာကြောင်းများကို ထပ်ခါထပ်ခါရေရွတ်တော့သည်။ ကမ္ဘာ့အဆင့်မီပရောဂျက်အတွက် စာချုပ်ကမ်းလှမ်းမှုကို ယဲ့ဖေးလက်ခံလာအောင် ဆွဲဆောင်နေသကဲ့သို့ သူ့လေသံမှာလေးနက်နေခဲ့သည်။

ယန်ရှောင်း၏အမြီးအမောက်မတည့်သောပုံစံကြောင့် ယဲ့ဖေးမှာ သဘောတကျဖြစ်နေပြီး လေထုမှာလည်း ညှိုးငယ်နေရာမှ ရယ်ရွှင်ဖွယ်ဖြစ်သွားသည်။ ခဏလောက်အနမ်းဖလှယ်ပြီးနောက် ယဲ့ဖေး သူ့ကိုတွန်းထုတ်လိုက်ကာ အရိပ်အမြွက်ပေးလိုက်သည်။ "လေယာဉ်စီးပြီး ပင်ပန်းနေပြီ. စောစောအိပ်ယာဝင်ချင်လို့ အရင်ရေချိုးလိုက်ဦးမယ်"

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now