[40]

2.1K 347 11
                                    

{Unicode}

ငါအရမ်းကြိုက်တယ်

ယဲ့ဖေး၏မျက်လုံးများနီရဲလာကာ သူသည် ယန်ရှောင်းကိုတင်းတင်းဖက်ထားရင်း တစ်ဖက်လူ၏လည်တိုင်ထဲ ခေါင်းကိုမြှုပ်ထားလိုက်သည်။ သူသည် ယန်ရှောင်း၏ခံစားချက်များကို အကြိမ်ကြိမ်သံသယဝင်ဖူးပြီး ခဏတာတပ်မက်ခြင်းဖြစ်မည်ဟုပင် ထင်ခဲ့သည်။ အချိန်တွေကုန်သွားပြီး ဟော်မုန်းများအနည်ထိုင်သွားသောအခါ  ထိုခံစားချက်များမှာလည်း အလွယ်တကူပျောက်ကွယ်သွားလိမ့်မည်ဟု သူထင်ခဲ့သည်။

သို့သော် ထိုအခိုက်အတန့်မှစ၍ ယန်ရှောင်းက သူ့ကိုအမှန်တကယ်ချစ်မြတ်နိုးကြောင်း ပေါ်လွင်နေခဲ့ပြီဖြစ်သည်။ ယဲ့ဖေး အထောက်အထားတွေထပ်ရှာနေဖို့ မလိုအပ်တော့ပါ။ အဘယ်ကြောင့်ဆိုသော် အချစ်ခံရသည့်လူတစ်ဦးသည် သူလက်ခံရသည့်အကြည့်တစ်ချက်နှင့် ဘဝတစ်လျှောက် အရိုးရှင်းဆုံးကိစ္စလေးတွေကနေတဆင့် အချစ်ခံကြောင်းပြောနိုင်လို့ပင်။

"နာနေသေးလား?" ယန်ရှောင်းက ရှုပ်ထွေးနေပုံဖြင့် ယဲ့ဖေးကိုမေး၏။ သူ ယဲ့ဖေးအားပြန်ဖက်လိုက်ချင်ပါသော်လည်း သူ့(ယဲ့ဖေး)ဒဏ်ရာများအကြောင်း သူ့ကိုယ်သူသတိပေးလိုက်ရင်း သူ့ဆံပင်များကိုသာ ဂရုတစိုက်သပ်ပေးလိုက်သည်။ ယဲ့ဖေးကိုယ်စား နာကျင်မှုများကို သူယူလိုက်လို့ရရင်ကောင်းမည်ဟု ယန်ရှောင်းတွေးမိသည်။ ယဲ့ဖေး အနည်းငယ်လောက်မျှ နေရထိုင်ရအဆင်ပြေအောင်လုပ်ပေးဖို့ ယန်ရှောင်း ဘာမဆိုလုပ်နိုင်သည်။

ရေခဲချောင်းမှာ စပြီးအရည်ပျော်လာခဲ့သည်။ ယဲ့ဖေး မသဲမကွဲအသံတစ်ချို့ပြုလုပ်လိုက်၏။ "မနာဘူး"

သူ ယန်ရှောင်းကိုလွှတ်ပေးလိုက်ကာ အရည်ပျော်နေပြီဖြစ်သည့်ရေခဲချောင်းကို တစ်ကိုက်ကိုက်လိုက်ပြီး အရှေ့သို့စောင်းငဲ့ကြည့်လိုက်၍ အပြုံးဖြင့်ဆိုလိုက်သည်။ "ငါအရမ်းကြိုက်တယ်"

ယန်ရှောင်း၏စိုးရိမ်သောကများမှာ ချက်ချင်းပင် အဝေးသို့ယူဆောင်သွားခံလိုက်ရသည်။ သူသည် အအေးကြောင့်နီမြန်းလာသည့် ယဲ့ဖေးနှုတ်ခမ်းများကိုကြည့်ကာ ဂုဏ်ယူဝမ်းမြောက်စွာဆိုလိုက်သည်။ "မင်းပြောသမျှတိုင်းကို ကိုယ်မှတ်မိတယ်"

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now