[21]

3.5K 483 7
                                        

{Unicode}

ငါသိတယ်

ယဲ့ဖေးမှင်တက်နေမိ၏။ ယန်ရှောင်းက "ကိုယ်မင်းအပေါ်ဘဲ ရက်ရောတာ" ဟူသည့်စကားလုံးများကို ရှင်းရှင်းလင်းလင်းနှင့် လေးလေးနက်နက်ပြောခဲ့ခြင်းဖြစ်သည်။ ယန်ရှောင်းသည် ယဲ့ဖေးအား အထူးကောင်းမွန်စွာဆက်ဆံတတ်သည်မှာ သဘာဝအလျောက်ဖြစ်နေသလိုပင်။ နေထွက်ခြင်းနှင့် လထွက်ခြင်းကဲ့သို့ သဘာဝကျနေပြီး ဒီရေကျခြင်းနှင့် ဒီရေစီးဆင်းနေသည့်အလား ဖြောင့်မှန်နေသည်။

ယန်ရှောင်းဘာကိုဆိုလိုတာလဲ? ယန်ရှောင်း သူ့ကိုကြိုက်နေတာလား?

အခိုက်အတန့်မျှ ယဲ့ဖေးသည် မထိန်းချုပ်နိုင်ဘဲ မေးလိုက်ချင်မိသည်။ သို့သော် ဆင်ခြင်တုံတရားကို ဖြည်းဖြည်းချင်းပြန်ရလာကာ သက်ပြင်းအရှည်ကြီးချလိုက်ပြီး ယဲ့ဖေး တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။

"ဥက္ကဌယန်, စီးပွားရေးအကြောင်း အရင်ပြောရအောင်" ယန်ရှောင်းက ထပ်ပြီးအံ့အားသင့်စေမယ့် တစ်ခုခုကိုပြောလာမည်အား စိုးထိတ်မိသဖြင့် သူ့ကိုစကားပြောခွင့်မပေးဘဲ ယဲ့ဖေးဆက်ပြောလိုက်သည်။ "ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါတို့ရဲ့ဝက်ဘ်ဒရာမာတွေက S အဆင့်အရင်းအမြစ်တွေနဲ့ မထိုက်တန်ဘူး. မင်းလုပ်ချင်သလိုလုပ်လို့ရတယ် ဒါပေမယ့် စီးပွားရေးမှာ ခံစားချက်တွေမပါဝင်သင့်ဘူး"

"စိတ်မပူပါနဲ့" ယန်ရှောင်းကဆို၏။

"ဒါဆိုဘာလို့ S အဆင့်လဲ?" ယဲ့ဖေးညည်းလိုက်ကာ ပျော့ကွက်ကိုနင်း၍ ဤကိစ္စလက်စသတ်ရန်ကြိုးပမ်းလိုက်သည်။ "ဒီရှိုးရဲ့ ဘယ်နေရာကိုများ မင်းအရမ်းကောင်းတယ်လို့ထင်နေတာလဲ?"

ယန်ရှောင်းသည် သူ၏အနည်းအကျဉ်းမျှ နာမဝိသေသနများနှင့် ဖော်ပြချက်များကိုအသုံးပြုလျက် "အရမ်းကောင်းတယ်" နှင့် "နေရာတိုင်း" ဟူသောစကားလုံးများဖြင့် ထပ်ခါထပ်ခါ ရှိုးကိုချီးမွမ်းခန်းဖွင့်တော့သည်။ သူသည် သူ၏အလုပ်နှင့်ပတ်သက်ပြီး ဂျီးများလွန်း၊ အပြစ်ရ‌ှာလွန်း၊ ဝေဖန်လွန်းတတ်သည့်လူနှင့် လုံးလုံးလျားလျား ကွဲပြားနေသည်။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now