[30]

2.7K 426 12
                                    

{Unicode}

ယဲ့ဖေး, ကိုယ်မင်းကိုနမ်းလို့ရမလား?

ယန်ရှောင်း၏နှလုံးမှာ တဒိန်းဒိန်းခုန်လာပြီး သူ့နားစည်မှာလည်း ပြင်းပြင်းထန်ထန် မြည်ဟည်းနေလေသည်။

"ရင်းနှီးတယ်." ထိုစကားလုံးသုံးလုံးကို ပြန်ရွတ်ဆိုရင်း သူ ယဲ့ဖေးကို မျက်တောင်မခတ်တမ်း ကြည့်လိုက်သည်။ သူ့အကြည့်က ယဲ့ဖေးမျက်နှာမှတဆင့် ယဲ့ဖေး၏နှလုံးသားကို မှန်းဆနေသလိုပင်။

"အင်း" ယဲ့ဖေး မတ်တပ်ရပ်လိုက်ကာ သော့ချိတ်ကိုကိုင်ကြည့်ရင်း ပြန်ပြောင်းအောက်မေ့လျက် ဆိုလာသည်။ "ငါဝယ်ဖူးတာနဲ့ဆင်တာပဲ..."

"ငါပြောပြမယ်, ငါ့ဘေးကအတန်းဖော်အားလုံးနီးပါးက Kobe ဒါမှမဟုတ် Iverson ကိုပဲကြိုက်တာ, ဒါပေမယ့် ငါကတော့ Nowitzki ကိုပဲကြိုက်ခဲ့တယ်. ငါရဲ့ ပစ္စည်းတွေအားလုံးနဲ့ ဂျာစီအင်္ကျီတွေအားလုံးကို နံပါတ် ၄၂ နဲ့ တန်ဆာဆင်ခဲ့တာ" သူသည် ယန်ရှောင်းအား သော့ချိတ်ပြန်ပေးရင်း သူ၏ အထက်တန်းကျောင်းသားဘဝကို ပြန်သတိရမိလျက် တစ်ချက်ရယ်သည်။

"နှစ်တွေအများကြီးကြာမှ ငါနဲ့တူတဲ့ ပရိသတ်တစ်ယောက်ကိုတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး. ဥက္ကဌယန်လည်း NBA ကြည့်တာလား?"

— [NBA - National Basketball Association. အပေါ်က နာမည်တွေကလည်း basketball player တွေရဲ့ နာမည်တွေပါရှင့်]

"ကိုယ်မကြည့်ဘူး"

ယဲ့ဖေးမှာ အစက ဇဝေဇဝါဖြစ်သွားသော်လည်း ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် "oh" ဟုအသံပြုလိုက်သည်။ ယန်ရှောင်းသည် ဘတ်စကတ်ဘောကို ယခင်ကကြည့်သော်လည်း ယခုမကြည့်တော့သောသူများထဲမှ တစ်ဦးဖြစ်ပေမည်။ ၎င်းမှာပုံမှန်ပင်။ စင်စစ်အားဖြင့် သူကိုယ်တိုင်သည်လည်း အိမ်စာတစ်ပုံတစ်ခေါင်းနှင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် စာလေ့လာရခြင်းကြောင့် ထပ်မကြည့်ဖြစ်တော့ပေ။ အဲ့အချိန်မှာ ဘယ်သူက တစ်ခြားအကြောင်းတွေတွေးနေဖို့ အားလပ်ချိန်ရှိနေမှာလဲ?

နောက်ပိုင်း သူကောလိပ်ရောက်သွားသောအခါတွင်လည်း သူ၏ ဝါသနာဟောင်းများနှင့် အိုင်ဒေါလ်များကို စွန့်ပစ်ခဲ့သည်။ အဆုံးမှာတော့ အသစ်သစ်သောအရာများကြောင့် အဟောင်းများဟာ ခေတ်ကုန်စမြဲပင်။ ယဲ့ဖေးသည် ထို့သော့ချိတ်က ယန်ရှောင်းအတွက် မည်သည့်ရေရေရာရာ အဓိပ္ပာယ်မှမရှိဘဲ ဒီအတိုင်းသိမ်းထားတာဖြစ်လောက်မည်ဟု ယူဆလိုက်တော့၏။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now