{Unicode}
ကိုယ့်ဘာသာကိုယ်မီးညှိ
ယန်ရှောင်းသည် အကောင်ကြီးကြီးများအပေါ် သူတို့၏ထင်မြင်ချက်ကို ပြောင်းပြန်လှန်လိုက်ကာ ထိုခြားနားချက်သည် ဖရဲသီးစားသူများစွာကိုဆွဲဆောင်ခဲ့သည်။ သိပ်မကြာခင်တွင် "ယဲ့ဖေးအတွက် ဒေသထွက်ကုန်ဝယ်ခြင်း" ဆိုသည့်ခေါင်းစီးမှာ Hot search ပေါ်တွင်《ဧကရီမုဆိုးမ၏ဒဏ္ဍာရီ》ခေါင်းစီးကို တစ်ဟုန်ထိုးကျော်တက်သွားသည်။
အင်တာနက်ခေတ်ကြီးတွင် မိမိ၏ကိုယ်ရေးကိုယ်တာကို ဖုံးကွယ်မထားနိုင်သည့်အပြင် ယဲ့ဖေးသည်လည်း သာမန်အများပြည်သူတစ်ယောက်မဟုတ်ပေ။ တစ်နာရီအတွင်းတွင် သူ၏ကိုယ်ရေးအချက်အလက်များမှာ ဖော်ထုတ်ခံလိုက်ရသည်။ သူသည် ထိပ်တန်းအဆင့်တက္ကသိုလ်မှဘွဲ့ရကာ သူ့မိသားစုသည် ရုပ်ရှင်နှင့်ရုပ်မြင်သံကြားကုမ္ပဏီငယ်လေးတစ်ခုကို ပိုင်ဆိုင်ပြီး လွန်ခဲ့သည့်နှစ်ဝက်က ယန်ရှောင်းနှင့်လက်ထပ်ခဲ့သည်။ သို့သော် အုတ်အော်သောင်းတင်း သတင်းကြီးဖြစ်စေခဲ့သည့်အရာမှာ ပူးတွဲပါရှိနေသည့် သူ၏ဓာတ်ပုံပင်။
နှိုးဆွပေးနိုင်သော အမည်းရောင်တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားသောယဲ့ဖေးသည် နံရံကိုမှီလျက် ဆေးလိပ်သောက်နေသည့်ပုံကို အမှတ်တမဲ့ရှာတွေ့သွားကြ၏။
အရပ်ရှည်သည့်အပြင် သူ့တွင် သေးသွယ်သောခါးနှင့် ခြေတံရှည်ရှည်လေးများရှိသည်။ ဆေးလိပ်ဖင်ကို ကိုက်နေသည့်အတွက် သူ့၏ပါးလျသောနှုတ်ခမ်းတစ်စုံမှာ အနည်းငယ်ဟနေသည်။ သူ၏ဘေးတိုက်မျက်နှာမှာ အနုစိတ်လက်ရာမြောက်ပြီး ထင်ရှားပြတ်သားသော မေးရိုးများရှိသည်။ ဓာတ်ပုံထဲတွင် သူသည် အေးဆေးတည်ငြိမ်သောမျက်နှာထားဖြင့် တစ်ယောက်ယောက်က သူ့ကိုခေါ်နေ၍ လှည့်ကြည့်သည့်ပုံစံဖြင့် ကင်မရာ၏ဦးတည်ဖက်ကို ပေါ့ပေါ့တန်တန်ကြည့်နေသည်။
သူ၏အကြည့်မှာ တရစ်ရစ်ဝဲနေသည့် အဖြူရောင်မီးခိုးမှုန်များကြားတွင် မှန်ဘီလူးကိုထိုးဖောက်တော့မည့်အလား အထိန်းအကွပ်မဲ့လျက် ဖော်ရွေကင်းမဲ့နေသည်။
【ငါသူ့ရုပ်လေးကိုကြိုက်လိုက်တာ! သူဥက္ကဌယန်ကို လက်ထပ်နိုင်တာ မအံ့ဩတော့ပါဘူး!】

YOU ARE READING
ငါကွာရှင်းချင်တယ် [ဘာသာပြန်]
RomanceIQ မြင့်ပြီး EQ နိမ့်သည့် Gong X ပြန်လည်မွေးဖွားလာသော Shou Name - I Just Want To Divorce / 我就想离个婚 Author - Lian Shuo / 连朔 Status in COO - 56 chapters + Extra (Completed) I DO NOT OWN ANYTHING. THIS IS JUST A FAN TRANSLATION. CREDIT TO ORIGINAL AUTHO...