Part-1

19.7K 191 22
                                    

မောင့်အိမ်သူသက်ထား

Part-1

​မထော်အုပ်စုရွာအတွင်းထဲလူများစွာဟိုပြေးဒီပြေးနှင့်အလုပ်ရှုပ်နေကြရသည် အကြောင်းသည်ကားမြို့ပေါ်ကတာဝန်ကျဆရာမလေး၄ယောက်ဟာဒီနေ့ရွာကိုရောက်မှာမို့ဧည့်ခံကာကြိုဆိုရန်ပြင်နေကြသည်။

ရွာသူကြီးဦးမင်းခိုင်တစ်ယောက်ရွာသားတွေကြားထဲဆေးပေါ့လိပ်ကြီးကိုင်ကာကဲခတ်ကြည့်ရင်းတစ်စုံတစ်ယောက်ကိုရှာနေသည်။

"သီတာမောင်....ဝေ့...သီတာမောင်"

လူအုပ်ထဲ ဗမာဝမ်းဆက်ခရမ်းရောင်ကိုခန္ဓာကိုယ်လှလှလေးထက်ချပ်ရပ်စွာဝတ်ဆင်ထားတဲ့မိန်းကလေးတစ်ဦးကသူနာမည်ခေါ်သံကြောင့်လုပ်နေစအလုပ်ကိုအသာချထားအနားပြေးလာနေသည်။

"ဘာဖြစ်လို့လဲအဖေ...."

"ဟိုကောင်ဘယ်ရောက်သွားလည်းမတွေ့ဘူး"

သီတာ ဖခင်စကားကြောင့်အငယ်ကောင်ကိုပြောနေမှန်းသိလိုက်ရသည်။

"အငယ်ကောင်က ဘယ်မှမသွားပါဘူးချက်ကြီးတို့နဲ့မြေပုံသီးသွားဝယ်နေတယ်အဖေရဲ့"

သမီးဖြစ်သူစကားကြောင့်သောက်နေစဆေးပေါ့လိပ်ကိုပြာခွက်ထဲထိုးဖိချေလိုက်ကာ

"နင့်မောင်ကိုကာမနေနဲ့ဘယ်မှာလည်းပြော"

"ဟို....အငယ်ကောင်က..."

"သူကြီးရေ.....ရွာတောင်ပိုင်းမှာနိုင်ဇော်တို့အဖွဲ့နဲ့ မင်းအဂ္ဂမောင် တို့အဖွဲ့ရန်ဖြစ်နေကြတယ် သလင်းပေါ်မှာထိုးကြိတ်နေတာအသေပဲ"

"ဘာကွ!!

သီတာစကားမဆုံးလိုက်ပေ ရွာသားဖြစ်တဲ့ပေသီးစကားကြောင့်ဦးမင်းခိုင်ဆက်ကနဲကောက်ထလိုက်ကာပုဆိုးတိုတိုဝတ်ကာရွာတောင်ပိုင်းကသလင်းပြင်ကျယ်ကြီးဆီကိုထွက်လာခဲ့သည် ရွာကတောင်ပိုင်း၊မြောက်ပိုင်း၊အနောက်ပိုင်း၊အရှေ့ပိုင်းဟူ၍လေးပိုင်းရှိသည်။

"ငါကွာ သားလေးတစ်ယောက်ထဲပါလို့ပဲထိန်းလိုက်ရတာ ဇောင်းတန်းထဲကမြင်းလိုပဲ"

"အို...အဖေကလည်း အငယ်လေးကိုအဲ့လိုမပြောပါနဲ့"

သီတာလည်းဖခင်ဘေးကနေလျှောက်လာရင်းမောင်ဖြစ်သူကိုကြိမ်းမောင်းနေတာကြောင့်ဝင်ပြောလိုက်သည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now