Part-37

6.7K 192 63
                                    

မောင့်အိမ်သူသက်ထား

Part-37

"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ"

"ကိုကိုရှိလား"

တစ်ဖက်ကမိန်းကလေးရဲ့စကားကြောင့်သက်ထားခေါင်းလေးစောင်းကာ

"ဘယ်ကကိုကိုလဲ"

"ကိုကိုမင်းအဂ္ဂမောင်ရှိလား"

မောင့်ကိုတစ်ဖက်မိန်းကလေးက ကိုကိုလို့ခေါ်လိုက်တာကြောင့်သက်ထားရင်ထဲဒိန်းကနဲ။ဒီမိန်းကလေးကဘယ်သူများမို့လို့မောင့်ကို ကိုကိုလို့ခေါ်ရတာလဲ။

"မိန်းမရေ မောင်သရက်သီးသုပ်လာပြီ"

သရက်သီးပန်းကန်နဲ့ပန်းသီးပန်းကန်ဆွဲကာအပြင်ထွက်လာတဲ့မင်းမောင်လည်းအိမ်ပေါက်ဝကထက်သိင်္ဂီကြောင့်မျက်လုံးပြူးသွားရကာ

"ထက်ထက် ညီမလေးဘယ်ကနေဘယ်လို"

"ကိုကို ကိုကိုကိုလွမ်းနေတာအဟင့်"

ထက်လည်းကိုကို ကိုပြေးဖက်လိုက်သည်။မင်းမောင်လည်းခဏကြာတော့ထက်ထက်ကိုကြည့်ကာ

"ပြောစမ်း ဒီကောင်မလေးဘယ်ကနေရောက်လာတာ"

"ဟွန့် ထက်ထက်ကိုအန်တီခိုင်ခေါ်လို့လေ"

"မမခိုင်ကခေါ်တာလား ဘာလုပ်ဖို့လဲ"

"ကျောင်းမှာစာသင်ပေးဖို့တဲ့ဆရာမတစ်ယောက်လိုနေလို့ဆို ထက်ထက်ကိုခေါ်လို့အဲ့တာရောက်ချလာတာ ကိုကို"

"ဟုတ်ပါပြီ လာထိုင် ထက်ထက် ကိုကိုမိတ်ဆက်ပေးမယ်"

ခုမောင်ကထိုမိန်းကလေးကိုသူ့ကိုသူကိုကိုလို့သုံးလိုက်တာလား။မောင်နှမတွေလား။

မင်းမောင်လည်းမိန်းမဘေးနားထိုင်ရင်းလက်ထဲကပန်းကန်တွေကိုစားပွဲပေါ်တင်လိုက်ကာ

"မောင့်မိန်းမ ဒါမောင့်ညီမလေးထက်သိင်္ဂီတဲ့ "

"ထက်ထက် ဒါကိုကို့မိန်းမအိမ်သူသက်ထားတဲ့"

"တွေ့ရတာဝမ်းသာပါတယ်မမ"

"အစ်မလည်းဝမ်းသာပါတယ်"

ထက်လည်းကိုကိုမိန်းမကိုနာမည်ကြားဖူးနေတာသာကြာပြီ။လူကိုခုမှသာတွေ့ဖူးသည်။တော်တော်ကိုချောသည်။မိန်းကလေးချင်းတောင်မနာလိုရလောက်သည့်ထိ။ဒါမို့လည်းကိုကိုကအတင်းယူခဲ့တာထင်သည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now