Part-48

7.8K 222 51
                                    

မောင့်အိမ်သူသက်ထား

Part-48

"ကျုပ်တို့ကလေးလေးကဘာလေးတဲ့လဲအစ်မ"

အတန်ကြာဖက်ထားနေရင်းခရောင်ဘက်ကစကားဆိုလာသည်။

"ယောင်္ကျားလေးတဲ့ခရောင်"

ခရောင်သားလေးဆိုတာကြောင့်ငိုနေတဲ့ကြားကပြုံးမိသွားသည်။မြေပြင်ပေါ်ဒူးထောက်ချထိုင်ကာသူမဗိုက်လေးကိုနမ်းရင်းကလေးလေးရဲ့တုန့်ပြန့်မှုလေးကိုနားထောင်နေသည်။

ကြည်ပြာမှာဒီမြင်ကွင်းကိုအိမ်မက်လားဟုငိုနေတဲ့ကြားကထင်မိပေမဲ့အမှန်တစ်ကယ်ဖြစ်နေသည်။

"ကလေးလေး နေကောင်းရဲ့လားအဖေပါကွ"

"ဘယ်လိုပြန်ရောက်လာတာလဲခရောင်"

ခရောင်လည်းသူမလက်လေးကိုယ်ဆွဲကာကွပ်ပျစ်မှာနှစ်ယောက်သားထိုင်လိုက်ကြပြီးထိန်ထိန်သာနေတဲ့လမင်းကြီးကိုတူတူကြည့်လိုက်၏။

ခရောင်လည်းဖြစ်ခဲ့သမျှကိုပြန်ပြောလိုက်သည်။

နေရဲ့အလင်းရောင်ကမျက်နှာကိုလာထိမှန်သည့်အခါမှိတ်ထားတဲ့မျက်ခွံတွေကအရင်လှုပ်ရှားလာသည်။ထို့နောက်လက်တွေကလည်းလှုပ်ရှားလာသည်။နားထဲမှာလည်းကျေးငှက်တွေရဲ့တွန်သံတွေကိုအမျိုးမျိုးကြားရသည်။ခရောင်မျက်လုံးဖွင့်လိုက်ပြီးဆက်ကနဲထဖို့ပြင်တော့ဝမ်းဗိုက်ဆီကဒဏ်ရာနဲ့ရင်ဘတ်ဆီကဒဏ်ရာကနာကျင်လာသည်။

ရင်ဘတ်ကဒဏ်ရာကဘယ်ဘက်မဟုတ်ပဲညာဘက်ကိုထိထားတာကြောင့်အသက်ဘေးကလွတ်ခဲ့သည်။ဘေးဘီမျက်လုံးဝဲကစားကြည့်တော့ကမူတစ်ခုပေါ်ရောက်နေသည်။အပေါ်ကိုမော့ကြည့်တော့လည်တစ်ဆုံးမော့ကြည့်ရသည်။အောက်ကိုငုံ့ကြည့်တော့လည်းရေစီးသန်တဲ့စမ်းချောင်း။ခရောင်ထိုင်နေတဲ့နားမှာပဲဆေးပင်ကိုတွေ့ရတာကြောင့်ခူးလိုက်ပြီးလက်နှစ်ဖက်ဖြင့်ပွတ်ချေကာလက်မောင်းကအင်္ကျီကိုဆွဲဖြဲပြီးနောက်ဝမ်းဗိုက်ဆီကဒဏ်ရာကိုဆေးရွက်ကပ်ကာအဝတ်စဖြင့်စည်းလိုက်သည်။

အား.....

ဆေးရွက်ရဲ့အာနိသင်ကဒဏ်ရာကိုထိသည့်အခါခရောင်အော်မိသည်။သူမရော သူမရောရွာကိုပဲပြန်သွားပြီလား လုကတစ်ယောက်ယောက်များတွေ့သွားသလားဆိုသည့်အတွေးကခေါင်းထဲဝင်လာတာနဲ့ဓားဒဏ်ရာရှိတဲ့ညာဘက်ရင်အုံကမနာရပါပဲဘယ်ဘက်ရင်အုံဆီကပူထူကျိန်းလာသည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now