မောင့်အိမ်သူသက်ထား
Part-34
စက်လှေစီးပြီးအတန်ကြာတော့တောင်နံဘေးတွေမှာသီတင်းသုံးနေတော်မူကြတဲ့ဗုဒ္ဓဆင်းတုတော်တွေကိုမြင်တွေ့လိုက်ရသည်။
"မောင်...ဟိုးမှာမြင်နေရပြီ ဟိုးမှာ...."
သက်ထားစက်လှေပေါ်ကနေလက်အုပ်လေးချီကာမျက်လုံးလေးမှိတ်ကာဖူးမျှော်နေသည်။
မင်းမောင်ကတော့သူမကိုသာပြုံးပြုံးကြီးကြည့်နေသည်။
တောင်နံဘေးမှာသီတင်းသုံးနေတော်မူကြတဲ့ဗုဒ္ဓဆင်းတုတော်တွေဟာများပြားလွန်းလှသည်။တောင်ရဲ့ထိပ်မှာတော့စေတီတည်ထားသည်။တောင်ပေါ်တက်ဖို့လှေကားအကွေ့အကောက်တွေနှင့်မချော်လဲ၊မပြုတ်ကျရအောင်လက်ရန်းတွေရှိသည်။
စက်လှေကမ်းကပ်သည့်အခါ မင်းမောင်လည်းသူမလက်ကိုဆွဲပြီးကမ်းပေါ်တက်ခဲ့သည်။တောင်ထိပ်ကစေတီကိုအရင်ဖူးရအောင်တောင်ထိပ်ကိုသာတက်လာခဲ့သည်။အကောက်တောင် လာကြတဲ့လူတွေဟာလည်းများလွန်းတာကြောင့်လှေကားထစ်တွေမှာမနည်းရှောင်ရသည်။
တောင်ထိပ်ရောက်ခါနီးလှေကားအကွေ့နားရပ်လိုက်ကာတောင်ထိပ်ကိုမော့ကြည့်လိုက်တော့နေရောင်ထဲရွှေရောင်တစ်ဖိတ်ဖိတ်နဲ့စေတီကြီးကိုမြင်ရသည်။ရင်ပြင်တော်ကျယ်ကြီးဆီသို့လျှောက်လာခဲ့ပြီးဘုရားရှိခိုးလိုက်ကြသည်။ပြီးမှသာရင်ပြင်တော်ပေါ်လက်ရန်းကနေ အဝေးကရှူခင်းတွေကိုတူတူကြည့်ကြသည်။ မြန်မာနိုင်ငံရဲ့အထင်ရှားဆုံးမြစ်၊အကြီးဆုံးမြစ်ဖြစ်တဲ့ဧရာဝတီမြစ်ကြီးကိုခုကြည့်တော့မျက်စိတစ်ဆုံးကြီးမားကျယ်ပြန့်သည်။ဘေးဘက်တွေကပြည်နယ်ခရိုင်၊တောရွာတွေကိုတော့မှိန်းပျပျလှမ်းတွေ့ရသည်။
မင်းမောင်ကတော့မိန်းမဖြစ်သူပုခုံးလေးကိုဆုပ်ကိုင်ထားတဲ့လက်သွယ်သွယ်တွေကသူမဗိုက်သားချပ်ချပ်လေးပေါ်တင်လိုက်သည်။
သက်ထားလည်းမောင့်ကိုသာခပ်ငေးငေးလေးကြည့်နေသည်။
"ဖေဖေ့ကလေးလေး....ဖေဖေတို့ခုအကောက်တောင်ကိုရောက်နေပြီကွ ကလေးလေးပါလိုက်လာခဲ့တာ နောက်ဆိုကလေးလေးရယ်၊ဖေဖေရယ်မေမေရယ်နောက်တစ်ခေါက်ထပ်လာကြမယ်နော်...."
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024