Part-25

10.4K 158 21
                                    

မောင့်အိမ်သူသက်ထား

Part-25

"မင်းမောင်.....မင်းမောင်ထတော့လေ..."

မနက်၄နာရီထိုးသည်နှင့်သက်ထားအပါအဝင်တစ်အိမ်သားလုံးနိုးကုန်ကြသည်။မင်းမောင်တစ်ယောက်သာတိုက်ပွဲကျပြီးမနိုးနိုင်တာသက်ထားတောင်နိုးပြီးသူမနိုးတာအံ့နေသည်။ပုခုံးကိုကိုင်ကာလှုပ်နှိုးတော့သိပ်မကြာခင်တစ်အင်းအင်းနဲ့လူးလှိမ့်လာပြီးလက်ခုံတွေနဲ့မျက်လုံးကိုပွတ်သပ်ပြီးမျက်လုံးပွင့်လာတော့သက်ထားကိုကြည့်ပြီးပြုံးပြလေသည်။

"မောနင်းပါမောင့်အသဲလေး၊အချစ်လေး၊အသက်လေး၊မိန်းမလေး၊ပူတူ...."

"တော်ပါတော့ ထတော့မျက်နှာသွားသစ်"

မင်းမောင်လည်းသူမပါးလေးကိုဖျက်ခနဲနမ်းကာအိပ်ယာကထလိုက်ပြီးသူ့သဘက်နီညိုရောင်ကိုဆွဲယူကာ

"မောင်မျက်နှာသွားသစ်ပြီနော်"

"သွား....သွား...."

မင်းမောင်အိပ်ယာထသည်နှင့်သက်ထားလည်းအိပ်ယာသိမ်းလိုက်သည်။ဗီရိုထဲထည့်ထားသည့်အဝတ်စားတွေကိုထုတ်ကာကုတင်ပေါ်တင်ထားလိုက်သည်။

မင်းမောင်အောက်ထပ်ဆင်းလာတော့သူ့အစ်မနှစ်ယောက်ရယ်ဝမ်းကွဲအစ်မနှစ်ယောက်ရယ်မိတ်ကပ်တွေလူးကာပြင်နေသည်မို့မျက်နှာကြီးမဲ့ကာ

"ပြင်နေလိုက်ကြတာမိုးတောင်မလင်းသေးဘူး၊မိုးလည်းလင်းရောမျောက်ဖင်နီကြီးတွေဖြစ်ရော၊ပြင်တော့တစ်နှစ်ထွက်တော့လထစ်တဲ့"

"အငယ်ကောင်...."

မြသီမောင်၊သီတာမောင်၊ရွှေကြည်မောင်၊အိမ်မြတ်သာမောင် လေးယောက်ရဲ့အသံဟာတစ်သံထဲထွက်လာသည်။

"ပြင်လည်းကျုပ်မိန်းမအိပ်နေသလောက်ပဲရှိတယ် ဟား....ဟား...."

မင်းမောင်လည်းဟားတိုက်ရယ်ကာမျက်နှာသစ်ဖို့ရေချိုးခန်းဘက်ထွက်လာခဲ့တော့သည်။မျက်နှာသစ်ပြီးအပေါ်တက်လာတော့ဒေါ်အိမ်သူသက်ထားကဆံထုံးထုံးနေတာပင်။မှန်တင်ခုံရှေ့သစ်ခွခရမ်းရောင်တင်ထားပုံထောက်သစ်ခွပန်မှာထင်သည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now