Part-47

7.3K 230 81
                                    

မောင့်အိမ်သူသက်ထား

Part-47

မင်းမောင်တစ်ယောက်မနက်၅နာရီလောက်ကြကလေးတွေသေးဝတ်တွေဆင်းထားရင်းအိမ်အောက်ဗီရိုထဲကဘောင်းဘီလေးတွေကိုထုတ်ယူနေတုန်းလျှပ်တွေလက်နေတဲ့အလင်းရောင်နဲ့ခြံရှေ့မိန်းကလေးတစ်ယောက်ရပ်နေသည်ကိုတွေ့လိုက်ရသည်။အိမ်မီးနဲ့ခြံမီးကိုဖွင့်လိုက်သည်။အိမ်တံခါးမကြီးကိုဖွင့်ပြီးတံစပ်မြိတ်ကနေကြည့်တော့ နန်းကြည်ပြာ။

"ဟင် နန်းကြည်ပြာ"

မင်းမောင်တစ်ယောက်ထီးကောက်ဆွဲကာမိုးရွာထဲပြေးထွက်လာခဲ့သည်။မိုးကလည်းတစ်ညလုံးရွာတဲ့အပြင်ခုမနက်ထိမစဲသေး။တစ်ကိုယ်လုံးစိုရွှဲနေကာကျောက်ရုပ်ကြီးသဖွယ်ဖြစ်နေသည်။

"ကြည်ပြာ ကြည်ပြာဘာဖြစ်လာတာလဲခရောင်ရော"

သူမေးတော့သူ့ကိုမော့ကြည့်လာသည်။မျက်လုံးတွေလည်းမို့အစ်နေသည်။နှုတ်ခမ်းတွေပါပြာလို့။

"သူ သူမရှိတော့ဘူး ခရောင်မရှိ...."

စကားမဆုံးခင်မှာပဲကြည်ပြာဟာလဲခွေကျတော့မှာမို့မင်းမောင်ထီးကြီးကိုလွှတ်ချကာအမြန်ပွေ့ဖက်လိုက်ရသည်။လဲသာကျသွားရင်ကိုယ်ဝန်ကြီးနှင့်မဖြစ်ဘူး။သူငယ်ချင်းဖြစ်သူကိုထိန်းကိုင်ရင်းခေါ်ကြည့်ပေမဲ့မထူးလာ။

ချက်ချင်းအိမ်ထဲပွေ့လာကာကုတင်ပေါ်တင်ပေးပြီးမိန်းမဖြစ်သူအပြင်အဖေအမေတို့ကိုပါနှိုးလိုက်သည်။

သက်ထားအောက်ဆင်းလာတော့ကုတင်ထက်နှုတ်ခမ်းတွေပါပြာကာစိုရွှဲနေတဲ့ကြည်ပြာကိုတွေ့လိုက်ရသည်။

"အမလေး ကြည်ပြာ ကြည်ပြာဘာ​ဖြစ်တာလဲ"

သက်ထားကြည်ပြာနားလျှောက်လာရင်းပုခုံးလေးကိုလှုပ်ကာနှိုးပေမဲ့မထူးလာ။ရေတွေစိုရွှဲနေတာကြောင့်အဝတ်စားလဲပေးလိုက်သည်။အဝတ်စားလဲနေရင်းကြည်ပြာတစ်ယောက်ကိုယ်တွေပူတက်လာကာအဖျားကြီးဖျားတော့သည်။မိုးရေထဲဘယ်လောက်နေခဲ့လဲမသိ။

မင်းမောင်လည်းဆေးတွေထိုးပေးပြီးဆိုဖာပေါ်ကနေအခြေအနေကိုစောင့်ကြည့်နေသည်။သက်ထားကတော့နဖူးလေးကိုရေပက်လေးတိုက်ပေးနေသည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now