Part-49

9.2K 198 40
                                    

မောင့်အိမ်သူသက်ထား

Part-49

၃နှစ်ခန့်ကြာပြီးနောက်

"ဖေဖေ တားကိုခေါ်တွားယို့ဖေဖေ့ အီးဟီး...."

မိုးလင်းတာနဲ့ဖအေဖြစ်သူရဲ့ပုဆိုးစကိုဆွဲကာကြမ်းပြင်ပေါ်ဖင်တရွတ်တိုက်လေးနဲ့ငိုနေတဲ့မင်းထက်သာမောင်လေး။

"ဟာ ဖေဖေအိမ်အောက်ကိုခဏပဲဆင်းမှာလို့ဘယ်မှမသွားဘူးလို့"

"အီးဟီး.....သိဝူး....သိဝူး.....လိုက်မှာယို့ ခေါ်တွားယို့...."

"သားသား!!

"ဂျာ.....ဖေဖေ"

"ဖေဖေအောက်ကိုခဏလေးပဲဆင်းမှာလို့ပြောတယ်လေ အပေါ်မှာညီမလေးရောမေမေရောရှိနေတာခဏနေခဲ့ကြားလား"

"ဟင့်...."

မင်းမောင်သူ့ကိုမျက်ရည်ဝိုင်းလေးတွေနဲ့ကြည့်ပြီးနှုတ်ခမ်းလေးမဲ့ကာငိုနေတဲ့သားလေးကြောင့်လေပူတစ်ချက်မှုတ်ကာကောက်ချီလိုက်သည်။မျက်ရည်စလေးတွေကိုသုတ်ပေးရင်း

"ဘာလို့ဆိုးနေတာလဲသားသား  မေမေရောညီမလေးရောရှိတာဘာလို့မနေခဲ့လဲ"

"တားတားကဖေဖေ့ကိုချစ်ယို့ ဖေဖေ့နောက်လိုက်ချင်ယို့ရေဖေဖေကတားတားကိုမချစ်ဝူးလား"

"ဟာဗျာ မချစ်ပဲနေမလားရှိတာမှသားလေးတစ်ယောက်သမီးလေးတစ်ယောက်ကို"

"အဲ့ဆိုတားတားကိုမပြောနဲ့ကြားယား"

"ဟုတ်ပါပြီဗျာ ဖေဖေ့သားသားကိုဘာမှမပြောတော့ပါဘူးဟုတ်ပြီလား"

သူ့ကိုလက်ညှိုးသေးသေးလေးထိုးပြီးပြောနေပုံကလူကြီးလေးတစ်ယောက်လို။စကားတတ်လွန်းတဲ့သားနဲ့သမီးကြောင့်မင်းမောင်အပါအဝင်ဘယ်သူ့မှပါးစပ်မစိရ။သားသားကမင်းမောင်နောက်တစ်ကောက်ကောက်လိုက်ကာမင်းမောင်ခြေရာအတိုင်းတစ်ထေရာထဲနင်းသည်။လူကြီးလေးလိုလည်းစကားပြောတတ်သည်။လည်တာကလည်းမွှတ်နေလို့မထောတစ်ရွာလုံးပါးစပ်ဖျားကမချ။သမီးလေးကကြသူ့ကြီးကြီးနဲ့အကျင့်ကသွားတူသည်။မဟုတ်မခံဆက်ဆက်ကြဲ။ဒီတိုင်းနေရင်သာအနေအေးတာ။အမေတူသမီးလေးမို့ခုအရွယ်လေးထဲကချစ်ဖို့အလွန်ကောင်းသည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now