Part-40

8.3K 191 44
                                    

မောင့်အိမ်သူသက်ထား

Part-40

တနင်္လာနေ့ကျောင်းဖွင့်ရက်မို့သက်ထားဒီနေ့တော့စောစောထလိုက်သည်။စောသည်ရယ်သာဆိုတာပါမနက်၆နာရီမှဖြစ်သည်။ဘေးက မောင်တော်ကတော့အိပ်နေတာကွေးလို့။

အောက်ဆင်းလာတော့မီးတွေထိန်ထိန်လင်းလို့။အမေတို့ပါဒီနေ့စောစောထနေသည်ကိုတွေ့ရသည်။ထူးထူးဆန်းဆန်းပါပဲ။

"အမေ၊အဖေ မကြုံစဖူး အစောကြီးဘာလုပ်နေကြတာလဲ"

ဒေါ်နွယ်တို့လင်မယားအသံလာရာကြည့်တော့လှေကားထစ်ကနေသူတို့ကိုပြူးပြူးလေးကြည့်ကာမေးနေတဲ့ချွေးမဖြစ်သူကိုယ်တွေ့လိုက်ရလေသည်။

"အော် သမီးပါလားအစောကြီးဘာထလုပ်တာတုန်း"

"သက်ထားအိပ်မရတော့လို့အမေ"

"အမေတို့ကအစောကြီးထတာအမေဒီနေ့ပြည်ကိုသွားမလို့လေ သီတာမောင်ဖို့ဟင်းတွေယူသွားမလို့"

"အော် အဲ့တာအစောကြီးထချက်နေကြတာလား"

သက်ထားလည်းလှေကားလက်ရန်းကိုကိုင်ကာဆင်းလာခဲ့သည်။

"ဟုတ်တယ်သမီးရေ သူ့အကြိုက်တွေထည့်သွားမလို့လေ သမီးရောဘာဟင်းနဲ့ထုပ်သွားမလဲကျောင်းကို ဘာစားချင်လဲအမေ့ကိုပြော"

"အင်း သက်ထားဝက်သားအစာသွပ်လေးစားချင်တယ်အမေ စားချင်နေတာကြာပြီ"

"အဲ့တာများစားချင်ထဲကမပြောဘူးသမီးရယ်အမေချက်ကျွေးမှာပေါ့"

"ပြောဖို့ကိစ္စတွေနဲ့အလုပ်ရှုပ်ခေါင်းရှုပ်နေကြတော့မပြောဖြစ်တာ"

သက်ထားမျက်နှာသစ်ပြီးတော့အပေါ်ကိုလွှတ်လေသည်။မင်းမောင်မိသားစုလို့မပြောရဘူး။ကဲသဲတာလွန်ပါရော။သက်ထားကိုဘာတစ်ခုမှမလုပ်ခိုင်းသလိုဟင်းအညှော်နံ့တောင်မခံခိုင်းပေ။ဒီဂရုစိုက်တတ်တဲ့မိသားစုထဲမိသားစုဝင်တစ်ယောက်ဖြစ်ရတာသက်ထားကံကောင်းသည်။ယောက္ခမနဲ့မတည့်ရတာနဲ့ယောင်းမတွေနဲ့မတည့်ရတာတွေဆိုတာသက်ထားကြားဖူးတွေ့ဖူးပေမဲ့သက်ထားအလှည့်ကြအဲ့ဒီလိုမဟုတ်ပေ။ယောက္ခမလားအမေအရင်းလား၊ယောင်းမလားအစ်မအရင်းလားမသဲကွဲပေ။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now