Part-46

8K 210 55
                                    

မောင့်အိမ်သူသက်ထား

Part-46

အူဝဲ.....အူဝဲ.....အဲ....အဲ

မနက်မိုးလင်းပြီဆိုသည်နှင့်မင်းမောင်တို့အိမ်သည်ကလေးငိုသံလေးတွေနှင့်အစပြုသည်။အမြွှာနှစ်ယောက်ရဲ့ငိုသံကြောင့်မင်းမောင် အနှီးတွေလျှော်နေရာကနေအိမ်ပေါ်ကိုထပြေးလာခဲ့သည်။ကလေးတွေငိုနေပေမဲ့ကလေးမေမေကတော့နိုးမလာသေး။အင်းလေသူမလည်းပင်ပန်းမှာပေါ့။

"အိုအေးအေ....တိတ်ပါကွာ ဖေဖေလာပြီလေ ဖေဖေလာပြီ"

သားနှင့်သမီးနှစ်ယောက်ရဲ့တင်ပါလေးတွေကိုဖွဖွလေးပွတ်သပ်ပေးရင်းချော့မြှူနေရသည်။ထိုချိန်ထဲသူမကနိုးလာပြီးသူ့ကိုကြည့်နေသည်။

"မောင် ဘယ်ထဲကထိန်းနေတာလဲ"

"ခုပဲပြေးတက်လာတာအိမ်ပေါ်ကို ကြည့်ပါအုန်းမောင့်မိန်းမပိန်သွားလိုက်တာ မျက်တွင်းလေးတွေပါချိုင့်ပြီး"

"နည်းနည်းလေးပါမောင်ရယ်ဘာမှမဖြစ်ပါဘူးနောက်နားကြပြန်ပြည့်လာမှာပေါ့"

အဲ....အဲ....အူဝဲ....အူဝဲ

အောက်ကအမြွှာနှစ်ယောက်ကလည်းမတိတ်။အာခေါင်ခြစ်၍ငိုသည်။လူကောင်လေးတွေသာသေးသာအသံတော်တော်ပြဲတဲ့ကလေးတွေ။သူတို့ကြီးကြီးလို့ပဲ။

သက်ထားလည်းသမီးလေးကိုအရင်ချီကာနို့တိုက်လိုက်သည်။သားလေးကတော့သူ့အဖေလက်ထဲငိုနေတုန်း။အဖေလုပ်သူကသီချင်းဆိုပြနေပေမဲ့သားဖြစ်သူကငိုကောင်းတုန်း။

သမီးလေးနို့ဝသွားသည့်အခါသူ့အဖေကလက်လွှဲယူတော့သက်ထားလည်းသားလေးကိုချီလိုက်ပြီးနို့တိုက်တော့သည်။

"ဖေ့သားနဲ့သမီးကိုဖေဖေပြောမယ် မေမေနို့ကိုအားတိုင်းမစို့ပါနဲ့ကွာ မေမေပိန်နေပြီသနားပါတယ်ကွာ ဖေဖေပြောတာကြားလားဟင်"

နို့ဝသွားသည့်အခါမှနှစ်ယောက်လုံးငြိမ်သွားသည်။အိပ်နေတာများအနှီးထုတ်လေးထဲအရုပ်လေးတွေအတိုင်း။နှာလေးတွေမပိရအောင်နှာတံလေးဖော်ပေးရသည်။ရက်သားအရွယ်ကလေးလေးတွေကရွှံ့နဲ့တူတယ်တဲ့။ကိုယ်ပုံဖော်ရင်ဖော်သလိုရသေးသည်တဲ့။နှာတံလေးတွေဖော်ပြီးသည့်အခါပါးဖောင်းဖောင်းလေးတွေကိုလက်ညှိုးလေးနှင့်တိုမိသည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now