Part-21

10.4K 149 25
                                    

မောင့်အိမ်သူသက်ထား

Part-21

မင်းမောင်အိပ်နေရင်းသူ့ဘေးဘက်လက်စမ်းတော့ကိုယ်လုံးအိအိလေးကြောင့်ပြုံးမိပေမဲ့ထိုအသားအိအိလေးကပူနေတာကြောင့်မျက်လုံးဖွင့်ကာကြည့်လိုက်ပြီးသက်ထားကိုယ်တွေပူနေတာပင်။သူမဆီက ညည်းသံသဲ့သဲ့လေးပါထွက်ကာအသားတွေပါတုန်ယင်နေသည်။

"ဒေါ်အိမ်သူသက်ထား......ဒေါ်အိမ်သူသက်ထား...."

"အင်း......ဟင်း.....ဟင်း....."

သူမပါးနှစ်ဖက်ကိုညင်သာစွာလှုပ်ခါရင်းအကြိမ်ကြိမ်ခေါ်နေသည်။

"ဒေါ်အိမ်သူသက်ထား မောင်ခေါ်နေတယ်လေ....."

အခန်းတံခါးမီးထဖွင့်ကာနံရံကပ်နာရီကိုကြည့်တော့မနက် ၃နာရီပင်ထိုးနေပြီ။သူ့ဗီရိုထဲကဆေးသေတ္တာကိုဆွဲယူလိုက်ပြီးအရင်ဆုံးသူမကိုရင်ဘတ်တိုက်ပေးဖို့ပြင်သည်။ရင်ဘတ်တိုက်ပြီးမှဆေးတစ်လုံးထိုးပေးလိုက်သည်။အိပ်ယာကနှိုးပြီးဆေးတိုက်ရမှာဖြစ်ပေမဲ့ အစာမရှိပဲဆေးဒဏ်မခံနိုင်မှာဆိုးတာကြောင့်ကြာဇံဟင်းချိုလုပ်ရန်အောက်ထပ်ကိုပြေးဆင်းလာခဲ့သည်။

မီးတွေအကုန်ဖွင့်ပြီးသည်နှင့်မီးစမွှေးကာရေနွေးအရင်တည်ထားလိုက်သည်။ရေနွေးဆူပွက်လာသည့်အခါမှကြောင်အိမ်ထဲက ကြာဇံဟင်းချိုထုပ်ကိုဖောက်ထည့်လိုက်သည်။အရသာမြည်းစမ်းကြည့်တော့အနည်းငယ်ပေါ့နေသည်။

"ပေါ့ပေမဲဲဲ့ ဒီလောက်အတော်ပဲအငန်စားရင်မကောင်းဘူး"

အိုးထဲကဟင်းချိုတွေကိုပန်းကန်လုံးထဲခပ်ထည့်လိုက်သည်။မုန့်ဗုံးထဲကဘီစကစ်အရသာလွတ်၁ထုပ်ကိုပန်းကန်ပြားထဲဖောက်ထုပ်လိုက်ပြီးရေနွေးပူပူတစ်ခွက်ကိုလင်ဗန်းထဲစုထည့်ကာအပေါ်ထပ်အပြေးတက်လာခဲ့သည်။စားပွဲခုံပေါ်တင်လိုက်ပြီးမိန်းမဖြစ်သူအနားတိုးကပ်ထိုင်လိုက်ကာ

"ဒေါ်အိမ်သူသက်ထား....ထ...ထ....ထ..မောင်ခင်​ဗျားအတွက်ဟင်းချိုလုပ်ပေးလာတယ်စားလိုက်အုန်း.....ပြီးရင်ဆေးသောက်ရအောင်"

"အင်း.....ဟင်"

သက်ထားလည်းမူးနောက်နေတဲ့ခေါင်းကိုဖိကာကုတင်ခေါင်းရင်းကိုကျောမှီဖို့ထထိုင်လိုက်တော့ခေါင်းထဲရိပ်ခနဲပင်။ဒါကိုတွေ့သွားသည့်မင်းမောင်ကသက်ထားကိုယ်တွဲကူသည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now