Part-12

5.2K 94 8
                                    

မောင့်အိမ်သူသက်ထား

Part-12

စစ်နိုင်ဦးမှာချစ်ရသူဆီကသူမျှော်လင့်ခဲ့တဲ့အဖြေရလိုက်တာကြောင့်အတိုင်းအဆမရှိဝမ်းသာသွားရသည်။ဆရာမလက်ကလေးကိုကိုင်လိုက်ကာလက်ဖမိုးလေးကိုကြင်နာစွာနမ်းလိုက်ပြီး

"ချစ်တယ်နော်မောင့်အချစ်....."

သက်ထားမှာဆရာ့စကားကြောင့်မျက်နှာလေးရဲတက်သွားရသည်။

"သက်ထားလည်းချစ်တယ်မောင်..."

စစ်နိုင်ဦးလည်းဘေးဘီဝဲကြည့်တော့တစ်ယောက်မှမရှိတာကြောင့်သက်ထားကိုယ်လေးကိုသူ့ရင်ခွင်ထဲဆွဲသွင်းကာတင်းကျပ်နေအောင်ဖက်ထားလိုက်သည်။

ထိုမြင်ကွင်းအားအစအဆုံးမြင်တဲ့သော်တာမှာမျက်ဝန်းထက်မျက်ရည်များစွာသီခိုလျှက်အသားလေးတွေပါတစ်ဆတ်ဆတ်နှင့်တုန်နေသည်။သူငယ်ချင်းနဲ့ချစ်ရသူ အဆင်ပြေရင်သူမအဆင်ပြေပါတယ်ဟုသာခံယူထားသည်။

စစ်နိုင်ဦးလည်းချစ်ရသူကိုဆိုင်ကယ်နှင့်ခြံရှေ့ထိလိုက်ပို့ပေးလေသည်။ဆိုင်ကယ်ကိုခဏရပ်ကာခြံထဲဝင်ဖို့ပြင်နေတဲ့သက်ထားလက်ကိုဆွဲလိုက်ကာ

"မောင်ညကြဖုန်းဆက်လိုက်မယ်နော်"

"အင်းပါ ၈နာရီလောက်ဆိုသက်ထားအားပြီအဲ့ချိန်ခေါ်လိုက်လေနော်"

"ဟုတ်ကဲ့ပါဗျာ အာဘွားမောင့်အချစ်"

ပြောရင်းသူမပါးလေးကိုဖျက်ခနဲနမ်းလိုက်သည်။သက်ထားလည်းရှက်ကိုးရှက်ကန်းနဲ့အိမ်ထဲသာပြေးဝင်လာခဲ့တော့သည်။

စစ်နိုင်ဦးအိမ်ရောက်တော့ဆရာမသော်တာကမရောက်သေးပေ။

"ဘယ်များဝင်နေလို့လဲခုထိမရောက်သေးတာ"

သက်ထားအိမ်ထဲဝင်လာတော့ဇာတ်ကားကြည့်နေတဲ့မမြသီကိုတွေ့လိုက်ရသည်။

"မမကြီး တစ်အိမ်လုံးတိတ်ဆိတ်လို့ဘယ်သွားကုန်ကြလဲ"

"အငယ်ကောင်ကရွာထဲအမေတို့ကပြန်မလာသေးဘူးလေသက်ထားရဲ့"

"အော် အဲ့ဆိုသက်ထားအပေါ်တက်တော့မယ်နော်"

"အော်အေးအေး တက်ချေ"

~မောင့်အိမ်သူသက်ထား~Where stories live. Discover now