Part-6

5.6K 114 4
                                    

မောင့်အိမ်သူသက်ထား

Part-6

မင်းမောင်တို့အဖွဲ့ချောင်းတစ်ဖက်ကမ်းမှာဝိုင်းဖွဲ့ကာအရက်သောက်နေသလိုတစ်ဖက်ကမ်းမှာလည်းနိုင်ဇော်တို့အဖွဲ့ကသောက်နေကြပြန်သည်။

နိုင်ဇော်အရှေ့ကအမဲသားကြော်ကိုတစ်ခုယူစားလိုက်ရင်းတစ်ဖက်ကမ်းမင်းမောင်တို့ကိုမဲ့ကြည့်လိုက်ပြီး

"ဟေ့ကောင်တွေ မိဘအားကိုးနဲ့မိုက်နေတဲ့ကောင်ကိုကြဘယ်လိုခေါ်လည်းကွ ဟမ်း"

"အာချောင်တဲ့ကောင်ပေါ့ကွာ ဘာလဲမင်းတွေ့လို့လား"

"ဝေးဝေးရှာစရာမလိုပါဘူး ကြည့်ရင်နီးနီးလေး"

ချောင်းကသိပ်မကျယ်တာကြောင့်ဟိုဘက်ကမ်းကပြောသမျှဒီဘက်ကမ်းကပြောသမျှအကုန်ကြားနေရသည်မင်းမောင်အရက်ခွက်ကိုင်ထားတဲ့လက်ကိုခဏရပ်ထားကာမော့ကြည့်လိုက်သည်။

နိုင်ဇော်သူတို့ကိုမော့ကြည့်လာတဲ့မင်းမောင်ကိုကြည့်ကာ

"ဘာကြည့်တာလည်းဟေ့ကောင်ဟမ်း"

မင်းမောင်ကုန်းရုန်းထကာချောင်းကိုဖြတ်ပြေးပြီးတစ်ဖက်ကမ်းစပ်ဆီကုပ်ဖက်တက်နေသည်မိုးတွင်းစဝင်ပြီမို့ချောင်းကရေအနည်းငယ်ကျကာမင်းမောင်နဲ့ခါးတစ်ဝက်နီးပါးမရှိတစ်ရှိဖြစ်နေသည်ကိုမမှုပဲတစ်ဖက်ကမ်းကိုသာကူးခပ်နေသည် ကမ်းပေါ်အားရောက်သည်နှင့်အရက်ခွက်ကိုင်ထားရင်းသူ့ကိုမော့ကြည့်နေတဲ့ နိုင်ဇော်မျက်နှာတည့်တည့်ကိုကန်ချလိုက်တော့နောက်ကိုလန်ကျသွားလေသည်သူလဲသွားသာ်နှင့်သူ့အပေါင်းပါတွေကကြည့်ကာ

"မင်းဘာလုပ်တာလည်းမင်းမောင်"

"စောက်ခွက်တည့်တည့်ကိုကန်တာမမြင်ဘူးလား"

"မင်း ဘ လိုင်း ရီးဟေ့ကောင်"

လဲကျသွားတဲ့နိုင်ဇော်ကပြန်ကုန်းထလာကာသောက်ထားလို့ကုန်နေတဲ့အရက်ပုလင်းကိုကောက်ခွဲကာမင်းမောင်ခေါင်းကိုအရှိန်ပြင်းပြင်းဖြင့်ရိုက်ချလိုက်သည်။

"ခွမ်း......သေစမ်းဟေ့ကောင်"

"အား...."

မင်းမောင်ခေါင်းရုတ်တရက်မူးဝေသွားရသလိုဆစ်ကနဲနာကျင်လာတာကြောင့်သူ့ခေါင်းကိုင်ထားသည့်လက်ကိုကြည့်လိုက်တော့သွေးတွေကရဲနေသည် နောက်ကရိုက်လာတဲ့ချက်ကြီးတို့အမူးတောင်ပြေသွားရကာမျက်စိတွေပြူးကုန်သည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now