Part-17

4.5K 84 20
                                    

မောင့်အိမ်သူသက်ထား

Part-17

အိမ်အောက်ထပ်စားပွဲခုံရဲ့နံဘေးခုံတွေဆီမှာတစ်ဖက်တစ်နေရာဆီထိုင်ကာခေါင်းအောက်ငုံ့ထားလျက်ရှိနေကြတဲ့စစ်နိုင်ဦးနဲ့သော်တာ။

ဦးမင်းခိုင်တို့လင်မယားသိသိချင်းပြေးလာခဲ့တာကြောင့်စစ်နိုင်ဦးတို့အိမ်ထဲလူစုံနေသည်။

"ကယ် ဖြစ်ပြီးတာတွေလည်းဖြစ်ပြီးပြီပဲ အရှိကိုအရှိတိုင်းပဲလက်ခံရမှာပေါ့"

ဒေါ်ပြုံးကဝင်ပြောလိုက်ခြင်းပင်ဖြစ်သည်။

"ဒါပေမဲ့အမေကျုပ်တို့က......"

"တော်စမ်း သားစစ် တစ်ဖက်မိန်းကလေး၊မိန်းကလေးကယောင်္ကျားလေးကုတင်ပေါ်မှာတူတူရှိနေတဲ့အပြင်ဝတ်စလစ်ဖြစ်နေတာလေ နှမချင်းကိုယ်ချင်းစာစမ်း"

မိခင်ဖြစ်သူပိတ်ဟောက်လိုက်တာကြောင့်စစ်နိုင်ဦးငြိမ်ကျသွားလေသည်။

ဦးတင်ဦးလည်းဆရာမလေးဘက်ကြည့်ကာ

"သမီးကရောဘယ်လိုဆန္ဒရှိလဲ၊ဘယ်လိုဖြစ်ချင်လဲအဖေတို့ကိုပြော"

သော်တာဘာပြောလို့ပြောရမှန်းကိုမသိတော့အမှန်ပင်။နေ့ချင်းညချင်းကြီးသူမသဘောကျချစ်မြတ်နိုးရတဲ့လူရဲ့ဇနီးတစ်ယောက်ဖြစ်ရတော့မည်။သူမဘာလုပ်သင့်သလဲ။

"ပြောပါသမီး သမီးစိတ်ထဲ ဖြစ်ချင်တဲ့အတိုင်းပြော"

သက်ထားယောက္ခမတွေကလည်းဝင်ပြောကုန်ပြီမို့သူမနံဘေးကဆရာကိုကြည့်တော့မျက်နှာမကောင်းပေ။

"ကျုပ်ဆရာမလေးကိုယူမှာပါ သူမယူလည်းကျုပ်ယူမှာပါ"

"ဟင်......"

သော်တာဆရာကိုကြည့်နေတုန်းဆရာ့နှုတ်ဖျားကထိုစကားထွက်လာတာကြောင့်အံ့သြသွားရသည်။

"သမီးသော်တာကရော....."

"ရှင်....သော်တာ သော်တာလည်းလက်ခံပါတယ်"

"ကောင်းတယ် ကောင်းတယ်"

ဒေါ်ပြုံးနဲ့ဒေါ်နွယ်တို့ညီအစ်မနှစ်ယောက်ကတော့လိုချင်တဲ့ချွေးမကိုယ်စီရလိုက်ပြီဖြစ်တာကြောင့်အပြုံးပန်းဝေဆာနေကြတော့သည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now