Part-16

9K 122 10
                                    

မောင့်အိမ်သူသက်ထား

Part-16

မနက်ခင်းနေရောင်ခြည်တွေကတဲထရံပေါက်တွေဆီကိုကျူးကျော်လာသည်မို့သက်ထားမျက်နှာတည့်တည့်ကိုနေရောင်ဟပ်နေသည်။ကြာရှည်အပူဒဏ်မခံနိုင်တာကြောင့်ဘေးကိုစောင်းကာလှည့်လိုက်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့မင်းမောင်။လက်တစ်ဖက်ကလည်းသက်ထားခါးကိုဖက်ထားတာတင်းကျပ်စွာပင်။ကြည့်နေရင်းညကအဖြစ်ပျက်တို့ကခေါင်းထဲတစ်ရိပ်ရိပ်တက်လာသည်နှင့်သက်ထားရင်တွေဗြောင်းဆန်လာရသည်။မောင် မောင်သာဒီကိစ္စကိုသိရင်ဆိုရင်ဖြင့်သက်ထားရင်တွေပူလာရသည်။

မင်းမောင်လှုပ်ယွလှုပ်ယွနဲ့အငြိမ်မနေတဲ့သူ့ရဲ့ချစ်ဇနီးလေးကြောင့်နိုးလာရသည်။မျက်လုံးဖွင့်ကာကြည့်လိုက်တော့မျက်ရည်တွေဝဲကာမျက်နှာညှိုးနေသည့်မျက်နှာလေးကြောင့်သူ့မှာပြာပြာသလဲလဲထထိုင်လိုက်ကာ

"ဘာဖြစ်လို့လဲမျက်နှာမကောင်းပါလား"

"..........."

"ကျုပ်တောင်းပန်ပါတယ်၊ကျုပ်ခင်ဗျားကိုချစ်လွန်းလို့ခုလိုလုပ်ရတာပါဗျာ၊ကျုပ်ခင်ပွန်းကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါ့မယ်ခင်ဗျားတစ်ယောက်ထဲကိုယ်ပဲ မြတ်မြတ်နိုးနိုးချစ်သွားပါ့မယ်"

မင်းမောင်လည်းသူမကိုယ်လေးအားဖက်ရန်ပြင်ပေမဲ့သူမကရှောင်သွားလေသည်။

ထိုချိန်လယ်တစ်ကွက်အကျော်လောက်ကအသံတွေကြားရလေသည်။

"မင်းမောင်၊ဆရာမလေးအိမ်ပြန်လိုက်ခဲ့ကြတော့"

"ဟင်....."

အသံလာရာသက်ထားထရံပေါက်ကနေကြည့်လိုက်တော့သူကြီးတို့မိသားစုပင်။

မင်းမောင်လည်းအဝတ်စားတွေကောက်ဝတ်ပြီးသူမကိုစောင့်နေသည်။

"မြန်မြန်လဲ ကျုပ်တို့သွားရအောင်"

သက်ထားသူ့ကိုဘာစကားတစ်ခွန်းမှမပြောပဲစောင်ကြားထဲခေါင်းဝင်ကာအဝတ်စားတွေအမြန်ဝတ်လိုက်သည်။အကုန်ပြင်ဆင်ပြီးလို့နှစ်ယောက်သားတဲအပြင်ကိုထွက်လာကြသည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now