မောင့်အိမ်သူသက်ထား
Part-1
မထော်အုပ်စုရွာအတွင်းထဲလူများစွာဟိုပြေးဒီပြေးနှင့်အလုပ်ရှုပ်နေကြရသည် အကြောင်းသည်ကားမြို့ပေါ်ကတာဝန်ကျဆရာမလေး၄ယောက်ဟာဒီနေ့ရွာကိုရောက်မှာမို့ဧည့်ခံကာကြိုဆိုရန်ပြင်နေကြသည်။
ရွာသူကြီးဦးမင်းခိုင်တစ်ယောက်ရွာသားတွေကြားထဲဆေးပေါ့လိပ်ကြီးကိုင်ကာကဲခတ်ကြည့်ရင်းတစ်စုံတစ်ယောက်ကိုရှာနေသည်။
"သီတာမောင်....ဝေ့...သီတာမောင်"
လူအုပ်ထဲ ဗမာဝမ်းဆက်ခရမ်းရောင်ကိုခန္ဓာကိုယ်လှလှလေးထက်ချပ်ရပ်စွာဝတ်ဆင်ထားတဲ့မိန်းကလေးတစ်ဦးကသူနာမည်ခေါ်သံကြောင့်လုပ်နေစအလုပ်ကိုအသာချထားအနားပြေးလာနေသည်။
"ဘာဖြစ်လို့လဲအဖေ...."
"ဟိုကောင်ဘယ်ရောက်သွားလည်းမတွေ့ဘူး"
သီတာ ဖခင်စကားကြောင့်အငယ်ကောင်ကိုပြောနေမှန်းသိလိုက်ရသည်။
"အငယ်ကောင်က ဘယ်မှမသွားပါဘူးချက်ကြီးတို့နဲ့မြေပုံသီးသွားဝယ်နေတယ်အဖေရဲ့"
သမီးဖြစ်သူစကားကြောင့်သောက်နေစဆေးပေါ့လိပ်ကိုပြာခွက်ထဲထိုးဖိချေလိုက်ကာ
"နင့်မောင်ကိုကာမနေနဲ့ဘယ်မှာလည်းပြော"
"ဟို....အငယ်ကောင်က..."
"သူကြီးရေ.....ရွာတောင်ပိုင်းမှာနိုင်ဇော်တို့အဖွဲ့နဲ့ မင်းအဂ္ဂမောင် တို့အဖွဲ့ရန်ဖြစ်နေကြတယ် သလင်းပေါ်မှာထိုးကြိတ်နေတာအသေပဲ"
"ဘာကွ!!
သီတာစကားမဆုံးလိုက်ပေ ရွာသားဖြစ်တဲ့ပေသီးစကားကြောင့်ဦးမင်းခိုင်ဆက်ကနဲကောက်ထလိုက်ကာပုဆိုးတိုတိုဝတ်ကာရွာတောင်ပိုင်းကသလင်းပြင်ကျယ်ကြီးဆီကိုထွက်လာခဲ့သည် ရွာကတောင်ပိုင်း၊မြောက်ပိုင်း၊အနောက်ပိုင်း၊အရှေ့ပိုင်းဟူ၍လေးပိုင်းရှိသည်။
"ငါကွာ သားလေးတစ်ယောက်ထဲပါလို့ပဲထိန်းလိုက်ရတာ ဇောင်းတန်းထဲကမြင်းလိုပဲ"
"အို...အဖေကလည်း အငယ်လေးကိုအဲ့လိုမပြောပါနဲ့"
သီတာလည်းဖခင်ဘေးကနေလျှောက်လာရင်းမောင်ဖြစ်သူကိုကြိမ်းမောင်းနေတာကြောင့်ဝင်ပြောလိုက်သည်။
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024