Part-33

7.8K 173 46
                                    

မောင့်အိမ်သူသက်ထား

Part-33

သက်ထားမွေးနေ့ရောက်ဖို့၁ရက်သာလိုတော့သည်။ကျောင်းပိတ်ရက်မို့အိမ်မှာသာနေပြီးအမေ့ဆီကချည်ထိုးသင်နေသည်။မောင်ကတော့ဆေးခန်းထိုင်နေရသည်။

ချည်ထိုးနေရင်းတိုင်ကပ်နာရီဆီကြည့်လိုက်တော့၁၁ခွဲနေပြီမို့ထိုးနေတဲ့ချည်စတွေကိုသိမ်းကာမီးဖိုချောင်ထဲဝင်လာခဲ့သည်။ထမင်းချိုင့်တွေထုပ်ပိုးထည့်ပြီးဆိုင်ကယ်တစ်စီးထုတ်စီးကာဆေးခန်းဆီထွက်လာခဲ့သည်။ကျောင်းပိတ်ရက်ထဲမောင်ကဆိုင်ကယ်စီးသင်ပေးတာကြောင့်ခုဆိုတော်တော်စီးတတ်နေပြီပင်။

ဆေးခန်းရှေ့ရောက်တော့ဆိုင်ကယ်ရပ်ရင်းပြုံးကာဆေးခန်းထဲဝင်လာတော့မောင့်ကိုတွေ့လိုက်ရသည်။သူ့နံဘေးမှာလည်းခပ်ချောချောအမျိုးသမီးတစ်ယောက်။ရယ်ရယ်မောမောနဲ့စကားတွေပြောဆိုနေတာမောင်ကသက်ထားဆေးခန်းထဲဝင်လာတာတောင်မသိဘူးထင်ပါရဲ့။

"မောင် သက်ထားထမင်းချိုင့်လာပို့ပေးတာ..."

"........"

"မောင်...."

အသံစူးစူးလေးထွက်လာမှမင်းမောင်မော့ကြည့်တော့သူမရောက်လာတာပင်။လက်ထဲလည်းထမင်းချိုင့်လေးကိုင်ထားသည်။

"ဟော....ရောက်လာပြီလား မောင်ကမျှော်နေတာ..."

နှုတ်ခမ်းလေးစူကာသူ့ကိုမျက်စောင်းစလေးနဲ့ကြည့်နေတဲ့သူမအမူအယာကြောင့်သဘောပေါက်သွားကာ

"ဒါကမသီရိ....."

"သက်ထားပြန်တော့မယ် လုပ်စရာတွေရှိသေးလို့ အေးဆေးစကားပြောကြ...."

"မိန်းမ....မိန်းမဟာကွာ..... "

သက်ထားလည်းခပ်သွက်သွက်လေးဆေးခန်းထဲကထွက်လာခဲ့သည်။မောင်က သူမကိုတောင်ဂရုမစိုက်တော့ဘူး။

မင်းမောင်လည်းကျစ်တစ်ချက်သပ်ကာ

"ကျစ်....မရွှေချောတော့ထင်ရာတွေး၊မြင်ရာတွေးနဲ့ကောက်သွားပြီ....."

"အိမ်ရောက်တော့ချော့လိုက်ပေါ့ဆရာရယ် မိန်းကလေးတွေကချစ်ရင်သဝန်တိုကြကောက်ကြတယ်၊သူတို့မချစ်ရင်အဲ့လိုတွေမရှိဘူးတဲ့ဆရာကိုချစ်နေတာမို့ကောက်တာပဲ ချော့လိုက်ပေါ့...."

~မောင့်အိမ်သူသက်ထား~Where stories live. Discover now