Part-28

8.8K 200 36
                                    

မောင့်အိမ်သူသက်ထား

Part-28

မိုးလင်းပြီဆိုသည့်နှင့်မင်းမောင်တို့အိမ်၌ရွာသူရွာသားတွေအကုန်စုဝေးရောက်နေကြသည်။နိုင်ဇော်ကိုထိပ်တုံးခတ်ထားကာသူကြီးနှင့်မိသားစုဝင်တွေစားပွဲတန်းလျားမှာအသီးသီးထိုင်နေကြသည်။

သက်ထားလည်းမင်းမောင်ကိုတွဲကာအိမ်ရှေ့တန်းလျားဆီခေါ်လာခဲ့သည်။

"​ဖြေးဖြေးထိုင်နော်..."

"မောင်သိပါတယ်ဗျာ...."

မင်းမောင်တို့ရောက်ပြီဆိုသည့်နှင့်နန်းကြည်ပြာကိုသွားခေါ်ခိုင်းထားသည့်ရွာသားနှင့်အတူနန်းကြည်ပြာပါလိုက်လာလေသည်။

ကြည်ပြာမင်းမောင်ကခေါ်ခိုင်းသည်ဆိုတာကြောင့်ပျော်ရွှင်ကာလိုက်လာခဲ့သည်။ခြံဝင်းထဲဝင်တော့လူများစွာရှိနေပြီးထိုလူတွေကြားထဲကထိပ်တုံးခတ်ရပ်အနေအထားနှင့်မျက်နှာတွေဖူးယောင်နေတဲ့နိုင်ဇော်ကိုတွေ့လိုက်ရသည်မို့မျက်လုံးပြူးသွားရသည်။

ဦးမင်းခိုင်လည်းအခေါ်တော်လွှတ်တဲ့လူပြန်လာပြီမို့တစ်ချက်ကြည့်ကာ

"နန်းကြည်ပြာ သမီးနိုင်ဇော်ကိုခိုင်းခဲ့တယ်ဆို..."

"ရှင်...."

"နိုင်ဇော်...မင်း!!

သူကြီးရဲ့သြဇာအာဏာအမိန့်သံကြီးဟာထိုနေရာ၌ဟိန်းထွက်သွားသည်။နိုင်ဇော်လည်းနာနေတဲ့ကြားထဲကခေါင်းကိုအသည်းသန်ရမ်းကာ

"မဟုတ်ဘူး....မဟုတ်ဘူးသူကြီးကျုပ်ပြောပြမယ် ကျုပ်မညာပါဘူး.."

နိုင်ဇော်စကားကြောင့်ကြည်ပြာရင်တွေတုန်ကာအသားတွေပါတစ်ဆတ်ဆတ်တုန်လာရသည်။အပြေးအလွှားမင်းမောင်ကိုကြည့်မိတော့သူမကိုမျက်တောင်မခတ်တမ်းစိမ်းသက်တဲ့အကြည့်တွေနှင့်ကြည့်နေသည်မို့ရင်တွေပူလောင်လာရသည်။

ဒေါ်နွယ်လည်းမျက်နှာထိမျက်နှာထားနှင့်ကြည့်ကာ

"ပြောစမ်း!!နိုင်ဇော် ငါ့သမီးနဲ့ငါ့တူမကိုဘာကြောင့်ခုလိုလုပ်တာလည်း..."

"ကျုပ် ကျုပ်ပြောပါ့မယ်ဒီလို..."

နိုင်ဇော်တစ်ယောက်မင်းမောင်တို့နှင့်ချောင်းစပ်မှာရန်ဖြစ်ပြီးမင်းမောင်လက်ချက်ကြောင့်ဇက်အကြောညှပ်သွားကာခေါင်းတောင်ဘယ်ညာမကြည့်နိုင်သည့်အတွက်ကြောင့်အိမ်မှာ၂ပတ်လောက်အောင်းနေရသည်။ထိုနေ့မှာနန်းကြည်ပြာတစ်ယောက်မလာစဖူးလာစဖူးသူ့အိမ်ကိုရောက်ချလာသည်မို့နိုင်ဇော်တောင်အံ့သြသွားရသည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now