မောင့်အိမ်သူသက်ထား
Part-22
သက်ထားကျောင်း၂ရက်နားလိုက်ရသည်။တရားခံကိုပြောပါဆိုလျှင်မင်းမောင်သူမသက်သာပါပြီဆိုတာမဟုတ်ရဘူး။ခုသက်ထားကိုဧည့်ခန်းထဲထားပြီးအဝတ်စားတွေသွားလှန်းနေသည်။
မင်းမောင်လည်းအဝတ်ခြင်းကိုခါးစောင်းတင်ကာအိမ်ထဲဝင်လာတော့သူ့ကိုလည်စောင်းကာကြည့်နေတဲ့မိန်းဖြစ်သူကိုပြုံးပြရင်း
"ဘာဖြစ်လို့လဲ....."
"ဘာမှမဟုတ်ပါဘူးငါပျင်းလို့..."
"မောင်တို့ရွာထဲမှာမုန့်လိုက်ပတ်စားကြမလား"
မင်းမောင်စကားကြောင့်သက်ထားလည်းမျက်လုံးထောင့်ကပ်ကာစဥ်းစားလိုက်သည်။
"သွားကြတာပေါ့...."
"လာ အင်္ကျီသွားလဲ ကြမယ်"
နှစ်ယောက်သားအပေါ်ထပ်တက်လာကာအင်္ကျီလဲလိုက်ကြပြီးအောက်ထပ်ပြန်ဆင်းလာခဲ့သည်။မင်းမောင်ကဆိုင်ကယ်အိမ်ထဲကနေမောင်းထွက်လိုက်ပြီးသက်ထားကိုစောင့်နေသည်။သက်ထားလည်းအိမ်တံခါးခတ်ကာထွက်လာခဲ့သည်။ထို့နောက်ဆိုင်ကယ်တစ်စီးဖြင့်ရွာထဲမောင်းထွက်လာခဲ့ကြသည်။
ရွာထဲမောင်းလာတုန်းလမ်းချိုးအကွေ့ကြချက်ကြီးတို့နှင့်တိုးလေသည်။
ချက်ကြီးလည်းကိုယ်ပျောက်ကိုယ်တော်အားခုတွေ့လိုက်ရတာကြောင့်ဆိုင်ကယ်လမ်းရှေ့ကားကားကြီးရပ်လိုက်တော့ဆိုင်ကယ်ကတုံ့ကနဲရပ်သွားသည်။
"ဟ ဒါဆိုင်ကယ် မင်းအဖေမဟုတ်ဘူး"
"ဆိုင်ကယ်မှန်းသိတာပေါ့ မင်းပျောက်နေတာကြာပြီ"
"ဟော ဆရာမလေးကျောင်းမသွားဘူးလားဗျ"
သက်ထားလည်းဖြေရန်ပါးစပ်လေးဟရုံရှိသေး
"ငါ့မိန်းမနေမကောင်းလို့ကျောင်းမသွားနိုင်ဘူး၊ငါ့မိန်းမပျင်းတယ်ဆိုလို့ရွာထဲလိုက်ပို့မလို့၊ငါ့မိန်းမအိမ်မှာရှိနေလို့ငါဘယ်မှမသွားတာ၊ငါ့မိန်းမ....."
"ရပြီ မင်းမိန်းမမှန်းလူတိုင်းသိနေတာမို့စကားကိုရပ်လိုက်ပါတော့"
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024