Part-36

7K 184 39
                                    

မောင့်အိမ်သူသက်ထား

Part-36

အလည်ပတ်ခရီးကပြန်ရောက်သည့်အခါမင်းမောင်လည်းဆေးခန်းပြန်ထိုင်သလိုသက်ထားလည်းကျောင်းပြန်တက်ကြသည်။မင်းမောင် မိန်းမဖြစ်သူကိုကျောင်းကိုပို့ပေးပြီးမှဆေးခန်းဘက်ထွက်လာသည်။

သက်ထားလည်းကျောင်းတက်ချိန်စာသင်နေတုန်း သူမ၈တန်းအတန်းကကလေးမတစ်ယောက်ကရုတ်တရုတ်ပျို့အန်လာတာကြောင့်စာသင်တာကိုရပ်ကာထိုကလေးမနားပြေးသွားရင်း

"သမီး ဘာဖြစ်တာလဲရရဲ့လား"

ထိုမိန်းကလေးကအပြင်ကိုပြေးထွက်ကာကျောင်းခြံစည်းရိုးနားအန်တော့သည်။သက်ထားလည်းကျောလေးကိုထုပေးကာ

"ဘာတွေများစားထားလို့လဲသမီး နေမကောင်းလို့လား"

အန်နေတဲ့မိန်းကလေးကထကာသူမကိုကြည့်ကာပြုံးပြလေသည်။

"နေရည်ရပါတယ်ဆရာမ နေမကောင်း"

"ဟင် သမီး"

ထိုမိန်းကလေးကမြေပြင်ပေါ်လဲကျသွားသည်မို့သက်ထားအသည်းသန်အော်ရတော့သည်။

"လာကြအုန်း အတန်းထဲကယောင်္ကျားလေးတွေလာကြအုန်း"

မကြာပေ ကျောင်းသားတွေရော စစ်နိုင်တို့ဆရာတွေပါရောက်လာသည်။စစ်နိုင်ဦးလည်းလဲကျနေတဲ့ကျောင်းသူကိုပြေးပွေ့ချီကာဆေးခန်းကိုပြေးလာခဲ့သည်။သက်ထားလည်းဖုန်းနဲ့ပိုက်ဆံအိတ်ဝင်ယူကာ

"သားတို့သမီးတို့ဒီမှာကောင်းကောင်းနေခဲ့ကြနော် ဆရာမခဏ ပြန်လာမယ်"

"ဟုတ်ကဲ့ပါဆရာမ"

သက်ထားလည်းစစ်နိုင်ဦးအနောက်ကနေလိုက်လာသည်။ပြေးလာတဲ့သူမပုံစံကိုမောင်ကတွေ့ရင်ဆူအုန်းမည်ဖြစ်သည်။အဲ့တော့ခြေလှမ်းခပ်သွက်သွက်လေးနဲ့ဆေးခန်းကိုလျှောက်လာခဲ့သည်။

မင်းမောင်လည်းနေမကောင်းတဲ့လူအားဆေးထိုးပေးပြီးသောက်ရမဲ့ဆေးတွေပေးကာဘယ်ချိန်သောက်ဖို့မှာကြားနေတုန်းဆေးခန်းထဲကောင်မလေးတစ်ယောက်ကိုပွေ့ချီပြီးပြေးလာတဲ့စစ်နိုင်ဦးကိုတွေ့လိုက်ရသည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now