Part-15

12K 141 29
                                    

မောင့်အိမ်သူသက်ထား

Part-15

တရားနားလို့ပြီးသည်နှင့်သက်ထားတို့ဆွမ်းစားကျောင်းဆီအန်တီနှင့်အတူထွက်လာခဲ့လေသည်။များပြားလှတဲ့လူတွေဟာထိုကျောင်းလေးထဲရုတ်ရုတ်သဲသဲနှင့်ရဟန်းသံဃာတွေကဆွမ်းဘုန်းနေကြသည်။

ဒေါ်နွယ်လည်းသက်ထားလက်ကိုဆွဲကာအစွန်ဆုံးကလူကြီးဝိုင်းဆီခေါ်ခဲ့သည်။

"မနွယ်ပါလား လာထိုင်လေ လာ ဆရာမလေးရောလာထိုင်"

ခပ်ဝဝဖိုင့်ဖိုင့်အမျိုးသမီးကြီးတစ်ဦးကသူကြီးကတော်အားလက်ယှက်လှမ်းခေါ်ပြီးသက်ထားကိုပါခေါ်လေသည်။သူကြီးကတော်ဟာသူကိုယ်ပေါ်မှာလည်းရွှေတွေဟာကွေးညွှတ်နေအောင်ဝတ်ထားကာတစ်ရွာလုံးမှာသူတစ်ယောက်ထဲလုံးဝထင်းပေါ်နေသည်။

ဒေါ်နွယ်လည်းထိုဝိုင်းမှာထိုင်လိုက်ပြီး

"ညကြနင်တို့လာကြနော်ငါမုန့်မှာထားတယ်ညနေရောက်မယ်ကော်ဖီနဲ့မုန့်ကျွေးမလို့ဒီည၊မနက်ဖြန်ညကြရင်ထမနဲ လုပ်လည်းလုပ်စားလည်းစားပေါ့အေ"

"အမလေးစိတ်ချ မနွယ်တို့ကိစ္စတွေဆိုကျွန်မတို့ဘယ်တုန်းကမျက်စလွယ်ပြုလို့လဲ"

"ဒါနဲ့ဆွဲကြိုးကအသစ်ထင်တယ်နော်ခါတိုင်းနဲ့မတူတော့ဘူး"

ဒေါ်နွယ်လည်းသူမလည်ပင်းထက်ကဆွဲ ကြိုးကြီးကိုကောက်ကိုင်ကာ

"စပါးပေါ်တော့လုပ်ထားတာလေ"

"ဘယ်လောက်တုန်းမနွယ်"

"၃ကျပ်သား...."

"အမလေးပိုက်ဆံရှိတဲ့လူတွေကြတော့လည်းရှိသတဲ့ရှိနေလိုက်တာအားကျလိုက်တာ"

သက်ထားလည်းစကားပြောနေတဲ့လူကြီးဝိုင်းဆီကနေအကြည့်လွှဲကာပတ်ကြည့်တော့ဆွမ်းစားကျောင်းထဲဝင်လာတဲ့မောင့်အမေနဲ့သော်တာကိုတွေ့လိုက်ရလေသည်။သူငယ်ချင်းဖြစ်သူကိုလက်လှမ်းပြလိုက်ကာသူမနားခေါ်လိုက်သည်။

သော်တာလည်းသက်ထားခေါ်သည်မို့ပြုံးပြရင်းအန်တီလက်ကိုတို့လိုက်တော့လှည့်ကြည့်လာလေသည်။

"ဘာဖြစ်လို့လဲသမီး...."

"ဟိုးဘက်ဝိုင်းမှာအန်တီနွယ်နဲ့သက်ထားတို့အန်တီအဲ့ကိုသွားရအောင်လေ"

~မောင့်အိမ်သူသက်ထား~Where stories live. Discover now