Part-3

3.9K 82 6
                                    

မောင့်အိမ်သူသက်ထား

Part-3

"အောက်အီးအီးအွတ်......ဂတူး.....တု"

တောဓလေ့သဘာဝရကြက်တွန်သံဆိုသည်နှင့်အိပ်ယာထမျက်နှာသစ်ချက်ပြုတ်သူကချက်ပြုတ်အလုပ်ခွင်တောင်ယာဝင်သူကဝင်နှင့်အလုပ်အတွက်ကြက်တွန်သံကနှိုးစက်ကြီးတစ်ခုပင်။

ကြက်တွန်သံကြောင့်မြသီထလိုက်ကာသူမခြုံထားတဲ့ဂွမ်းစောင်ကိုခေါက်သိမ်းကာခါးထိရှည်လျားတဲ့ဆံနွယ်တွေကိုတစ်ဖက်လျှိုလျှိုကာထုံးလိုက်ပြီးအခန်းတံခါးဖွင့်ကာအောက်ထပ်ဆင်းမနက်စာချက်ပြုတ်ဖို့ဆင်းလာခဲ့သည်။

မြသီဆင်းသွားထဲကအိပ်မရတဲ့သက်ထားလည်းထကာအိပ်ယာသိမ်းခဲ့ပြီးအောက်ထပ်ဆင်းလာခဲ့သည်သူမဆင်းလာတော့မမြသီကမီးစမွှေးနေပြီပင်။

"မမြသီ သက်ထားဘာကူညီရအုန်းမလဲ"

အသံလာရာကြည့်တော့ဆရာမလေးကသူမနားရပ်ကာမေးနေလေသည်။

"ရပါတယ် ဆရာမလေးရဲ့အစောကြီးရှိသေးတယ်ပြန်အိပ်ပါအုန်း အစ်မဘာသာချက်လိုက်ပါ့မယ်"

"မဟုတ်တာ သက်ထားကအဲ့လိုပြန်အိပ်ရင်အိပ်လို့မရတော့ဘူး"

"အဲ့ဆိုလည်းလာကူလှည့်လေ အစ်မကိုဂျင်းခါးသီး(ကြက်ဟင်းခါးသီး)ကိုနှစ်လက်မခန့်လေးတွေလှီးပေး"

ဂျင်းဂါးသီးဆိုတာကြောင့်သက်ထားကြောင်သွားရသည်ဒါကိုမြင်သွားတဲအစ်မမြသီက

"ကြောင်အိမ်ထဲမှာရှိတယ်လေ သက်ထား"

"ဟုတ် သက်ထားယူလှီးလိုက်မယ်"

ဆိုပြီးသည့်နှင့်ပစ္စည်းတွေပန်းကန်တွေထည့်ထားတဲ့ကြောင်အိမ်ကိုဖွင့်လိုက်သည်ဂျင်းဂါးသီးဆိုသည့်အသီးကိုရှာပေမဲ့မတွေ့ရတာကြောင့်

"အစ်မ အစ်မပြောတဲ့ဂျင်းဂါးသီးမတွေ့ဘူး"

မြသီလည်းမီးစပျိုးထားခဲ့ပြီးဆရာမလေးနားလာကာကြောင်အိမ်ထဲကဂျင်းဂါးသီးထုပ်ကိုယူလာပြီးထမင်းစားပွဲပေါ်တင်ပေးလိုက်သည်။

"အဲ့တာဂျင်းဂါးသီးလေသက်ထားရဲ့"

"ဟင်....အဲ့တာကြက်ဟင်းခါးသီးပါအစ်မရဲ့"

~မောင့်အိမ်သူသက်ထား~Where stories live. Discover now