Part-2

9.2K 166 8
                                    

မောင့်အိမ်သူသက်ထား

Part-2

ဒီနေ့ဟာ မထောရွာရဲ့ရွာကျောင်းလေးအလယ်တန်းခွဲ ဖွင့်လှစ်ပွဲလေးဖြစ်သည်မို့တစ်ရွာလုံးကလေးလူကြီးမကျန်စာသင်ကျောင်းလေးကိုရောက်ရှိနေကြသည်ကျောင်းဖွင့်ပွဲအနေနဲ့ အာဟာရဒါနများစွာရွာသူရွာသားများကကျွေးမွေးကြသည် သူကြီးတို့မိသားစုက မုန့်ဟင်းခါးလှူသလိုတစ်ချို့က ငချိတ်ပေါင်း၊သာကူပြုတ်၊မုန့်လုံးကြီးကြော်၊အအေးဖျော်တိုက်တဲ့သူကတိုက်နှင့်တစ်ရွာလုံးစားကြပျော်ကြနှင့်အလွန်ပျော်ဖို့ကောင်းလှသည်။

မင်းမောင်တို့အဖွဲ့ ပြတင်းပေါက်ကနေခေါင်းတွေပြူထွက်ကာတစ်ယောက်ချင်းမိတ်ဆက်နေတဲ့ဆရာမလေးတွေကိုကြည့်နေသည်သူကြီးဖြစ်တဲ့ဦးမင်းခိုင်တို့လင်မယားကတော့ခုံတန်းတွေရဲ့အရှေ့ဆုံးမှာကျောင်းအုပ်ကြီးနှင့်အတူရင်ဘောင်တန်းကာထိုင်နေသလိုသမီးနှစ်ယောက်ကလည်းတစ်ဖက်တစ်ချက်ဆီနေရာယူကြသည်သူကြီးကတော်ဒေါ်နွယ်ကတော့တစ်ရွာလုံးမှာပိုက်ဆံအရှိဆုံးဖြစ်တာကြောင့်ဝတ်ထားတဲ့ရွှေတွေကတစ်ကိုယ်လုံးဖိန့်ဖိန့်တုန့်ကာတစ်လက်လက်နှင့်များပြားလွန်းလှသလိုသမီးနှစ်ယောက်ကလည်းထို့နည်းတူ မင်းမောင်ကတော့ ဆွဲကြိုးတစ်ကျပ်သားခန့်တစ်ကုံးကိုတော့အမြဲတမ်းဆွဲထားတတ်သေးသည်။

"ဟုတ်ကဲ့ ကျွန်မနာမည် သော်တာလရောင်ပါ၇တန်းအတန်းပိုင်ပါရှင့် ရှေ့လျှောက်ကူညီဖေးမပေးကြပါအုန်းနော် သော်တာရဲ့တာဝန်တွေကိုကျေပွန်အောင်အကောင်းဆုံးထမ်းဆောင်သွားပါ့မယ်"

"ယေး....ဖြောင်း....ဖြောင်း...."

၇တန်းအတန်းပိုင်ဆရာမလေးရဲ့စကားဆုံးတာနဲ့ရွာသူရွာသားတွေရဲ့လက်ခုပ်သံတွေကတစ်ဖြောင်းနဲ့ဖြောင်းကျယ်လောင်စွာထွက်ပေါ်လာကြသည်။

"ကျွန်မကတော့နောက်ဆုံးအတန်းဖြစ်တဲ့၈တန်းအတန်းပိုင်ဆရာမအိမ်သူသက်ထားပါ ဒီနေ့ဒီချိန်ကစလို့သက်ထားရဲ့တာဝန်ကျတဲ့အချိန်တွင်းထဲတာဝန်ကိုကျေပွန်စွာထမ်းဆောင်ပြီးကျောင်းသူကျောင်းသားများကိုသားသမီးနှင့်မခြားရင်အုပ်မကွာစောင့်ရှောက်သင်ကြားပေးပါ့မယ်လို့ဒီနေရာကနေပြောကြားပါရစေ"

~မောင့်အိမ်သူသက်ထား~Where stories live. Discover now