Part-9

2.8K 64 8
                                    

မောင်အိမ်သူသက်ထား

Part-9

"အော် ဟုတ်သားမနက်ဖြန်ဆိုမွေးနေ့ပဲ"

မိခင်ဖြစ်သူကိုခေါင်းငြိမ့်ပြောပြီးအိမ်ပေါ်ထပ်ကိုတက်လာခဲ့ကာဝရံတာနားမှီကာသက်ပြင်းတွေအခါခါချမိသည်။

ညနေကျောင်းဆင်းချိန်သက်ထားနဲ့သော်တာတူတူပြန်ရန်ကျောင်းဝင်းထဲထွက်စဥ်

"ဆရာမသော်တာ..."

"ရှင်...."

ထူးသာထူးပေမဲ့ဘယ်သူဘယ်ဝါမှန်းမသိတာကြောင့်သော်တာနဲ့သက်ထားပြိုင်တူကြည့်လိုက်တော့ဆရာစစ်နိုင်ဦးပင်။

"အော် ဆရာကိုးဘာများဖြစ်လို့လဲ"

"အမေ့ကိုပြောပေးပါအုန်းကျွန်တော်ဒီနေ့နောက်ကျမယ်လို့"

"ဟင် အချိန်ပိုခေါ်ထားလို့လားဆရာ"

"ဟုတ်ကဲ့ ခေါ်ထားတယ်"

"အဲ့ဆိုခဏလေး..."

သော်တာထွက်သွားရန်ပြင်နေတဲ့ဆရာကိုတားကာသူမခြင်းထဲကမုန့်ထုပ်တွေကိုပေးလိုက်သည်။

"ဗိုက်ဆာရင်စားရအောင်လို့ဘယ်ချိန်ပြန်ရောက်မှန်းမမသိတာ"

သူမကသာပြောနေပေမဲ့ဆရာမျက်လုံးတွေဟာသက်ထားဆီမှာရှိနေတာပင်။

"ဟမ် အော်ကျေးဇူး"

စစ်နိုင်ဦးမုန့်ထုပ်တွေယူကာဆရာမသက်ထားကိုပြုံးပြရင်း

"ဒါဆို သွားလိုက်ပါအုန်းမယ်ခွင့်ပြုပါအုန်းဆရာမ"

"ရှင် အော်ဟုတ်ဟုတ်"

ထိုဆရာထွက်သွားသည်နှင့်သက်ထားနဲ့သော်တာရွာလမ်းလေးအတိုင်းလျှောက်လာကြတော့သည်။သော်တာသက်ထားဘက်စောင်းကြည့်ရင်း

"ဟဲ့ ဆရာကနင့်ကိုများသဘောကျနေတာလား"

"ဟယ် မဟုတ်တာဟယ်"

"နင့်ကိုပဲကြည့်နေတာခဏခဏ"

"မဟုတ်လောက်ပါဘူးသော်တာရယ်စွတ်ပြောမနေပါနဲ့"

ခြံရှေ့ရောက်တော့ခြံထဲလူတွေတစ်ရုန်းရုန်း၊မီးခိုးတစ်လူလူ၊ဆူညံနေသည်မို့သက်ထားကဲ ကြည့်ကာ

~မောင့်အိမ်သူသက်ထား~Where stories live. Discover now