Part-45

7.8K 213 72
                                    

မောင့်အိမ်သူသက်ထား

Part-45

တရားပွဲနေ့တွေညမှာတော့မင်းမောင်တို့အိမ်ကညချမ်းအခါမှာအာဟာရဒါနကျွေးမွေးလှူဒါန်းကြသည်။ရွာထဲကလည်းတတ်နိုင်သလောက်လှူဒါန်းကြသည်။တရားပွဲည၄ညကိုတော့သက်ထားလက်လွှတ်မခံပေ။တရားရအောင်နာသည်။

ခရောင်တို့ကလည်းတရားပွဲ၁ညပြီးသည်နှင့်တောထဲပြန်လာခဲ့ကြသည်။အမှန်ဆိုပြန်ချင်နေတာအစောကထဲသူမကြောင့်သာအောင့်အီးကာနေနေရတာ။

လတွေတစ်ဖြေးဖြေးနှင့်ကုန်လွန်လာသည့်အခါသက်ထားကိုယ်ဝန်ကလည်း၉လထဲရောက်လာခဲ့ပြီ။မွေးခါနီးဖွားခါနီးဖြစ်တာကြောင့်အရင်လိုသွားရလာရတာမလွယ်ကူတော့ပေ။​ခြေထောက်လေးတွေလက်လေးတွေကလည်းအနည်းငယ်ပြည့်လာသည်။မောင်ကလည်းသူ့ညီမကိုဆေးခန်းထိုင်ခိုင်းပြီးသက်ထားကိုအနီးကပ်အရိပ်တစ်ကြည့်ကြည့်နဲ့ဂရုစိုက်သည်။သူအားသည့်အခါကြဆေးခန်းကိုပြေးကူသည်။ကြားထဲအလုပ်လက်မဲ့ဖြစ်နေကြသည်။ခုဆိုမင်းမောင်ကလည်း၂၆နှစ်ပြည့်သွားပြီဖြစ်သည်။သူနဲ့သူ့ကလေးလေးကမွေးလ၁လပဲကွာမည်။မင်းမောင်ကဝါဆိုလဖြစ်ပြီးသူ့ကလေးလေးကဝါခေါင်လဖြစ်မည်။

သက်ထားဝရံတာနားပက်လက်ကုလားထိုင်ပေါ်လှဲနေရင်းကျောပူလာတာကြောင့်မောင့်ကိုလှမ်းခေါ်ဖို့ပြင်ရတော့သည်။

"မောင်ရေ.....မောင်"

"ဗျာ...မောင်လာပြီသဲသဲလေး"

အိမ်ရှေ့ဝရံတာနားကခေါ်သံလေးကြောင့်မင်းမောင်တစ်ယောက်အခန်းထဲသန့်ရှင်းရေးလုပ်နေရင်းအဝတ်စကြီးကိုင်ကာအပြင်ကိုပြေးထွက်လာသည်။

"ဘာဖြစ်လို့လဲကျောပူလို့လား"

"ဟုတ်တယ်မောင် သက်ထားကျောတွေပူနေပြီ"

"လာ အဲ့ဆိုလမ်းလျှောက်ရအောင်မောင်တွဲပေးမယ်"

မင်းမောင်လည်းသူမလက်လေးကိုဆွဲကိုင်ရင်းအိမ်ပေါ်မှာလမ်းလျှောက်စေသည်။ဘာလေးမွေးမလဲဆိုတာမွေးတဲ့အခါမှသိချင်တာရင်ခုန်ချင်တာကြောင့်အက်ထရာစောင်းတောင်မရိုက်ပေ။ဘာလေးပဲမွေးလာပါစေသူသွေးသားမို့တုန်နေအောင်ချစ်မှာပါ။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now