မောင့်အိမ်သူသက်ထား
Part-27
နောက်နေ့မနက်မှာတော့သက်ထားနဲ့သော်တာတို့ကျောင်းကိုအသီးသီးထွက်လာခဲ့ကြသည်။မင်းမောင်အစီစဥ်ကြောင့်စိတ်တွေလှုပ်ရှားနေကြသည်။သူမတို့အဖြစ်ကသရဲရှေ့မားမားကြီးရပ်ပြရမည်ဖြစ်တာကြောင့်အနည်းငယ်တော့ထိတ်လန့်ချင်သည်။
ကျောင်းဝင်းထဲဝင်လာတော့ ကော်လတာထက်
နန်းကြည်ပြာနဲ့တိုးလေသည်မို့နှစ်ယောက်သားမော့ကြည့်တော့သူမတို့ပြုံးပြနေသည်မို့ပြိုင်တူ
မျက်မှောင်ကြုတ်လိုက်မိသည်။ကြည်ပြာလည်း ရန်သူတော်၂ယောက်အားတွေ့သည်နှင့်မပြုံးသည့်မျက်နှာအားအတင်းဖြဲပြုံးကာ
"လာကြပြီလားအမျိုးသားတွေကလိုက်မပို့ဘူးလား..."
"မင်းမောင်အလုပ်ရှိလို့ပြည်ကိုသွားတယ် ငါတို့ခြေထောက်နဲ့ငါတို့လာလို့နင်တွေ့တာပေါ့..."
"ဒါနဲ့ ဆရာမသော်တာ စစ်နိုင်ဦးကရော.."
"သူအမေနဲ့အဖေနေမကောင်းလို့ခွင့်ယူထားတယ် နင်ကဘာလုပ်မလို့လဲလျှောက်မေးနေရအောင်..."
"ဘာမှမလုပ်ပါဘူး ခါတိုင်းပို့နေကြတွေကခုလာမပို့တော့ထူးဆန်းနေလို့ပါ..."
သက်ထားနဲ့သော်တာလည်းစကားရပ်မပြောချင်တော့တာကြောင့်အတန်းဘက်ကိုသာလျှောက်လာခဲ့တော့သည်။
ထွက်သွားတဲ့နှစ်ယောက်ကိုကြည့်ကာကြည်ပြာနှုတ်ခမ်းကိုက်လိုက်ပြီး
"ယောင်္ကျားတွေကချစ်တယ်ဆိုတိုင်းမျက်နှာထားတွေကိုက...."
သက်ထားလည်းဆွဲခြင်းစားပွဲပေါ်ချကာထိုင်တော့သော်တာကသူမအတန်းဆီရောက်လာကာထိုင်ခုံအလွတ်ကိုဆွဲယူကာထိုင်လိုက်လေသည်။
"အဲ့မိန်းမပြုံးတာ လှပတဲ့အပြုံးတော့မဟုတ်ဘူးနော်... "
"အင်း....ငါသိပါတယ်အရင်ကငါတို့ကိုယ်အဲ့လိုမပြုံးပြဘူးလေ..."
"ဒါနဲ့မင်းမောင်ကပြည်ကိုတကယ်သွားတာလား..."
"ဘယ်ကသာလေရွှီးလိုက်တာ ကိုယ်တော်ကအိမ်မှာ၄လက်မတုတ်ဖြတ်ပြီးသေချာအချောသပ်နေတယ်...."
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Science Fiction"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024