မောင့်အိမ်သူသက်ထား
Part-24
မိုးလင်းတာနဲ့အိမ်မှာဆူပူယောက်ယပ်ခပ်နေတဲ့မင်းမောင်။
"မိန်းမရေ မိန်းမ...."
ဘုရားပန်းလဲနေတဲ့သက်ထားမင်းမောင်ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့အပေါ်ပိုင်းဗလာအောက်ကပုဆိုးဖျင်ကြမ်းကြီးတစ်ထည်ကိုဝတ်ထားတာပျဥ်တောင်တိုက်နေပြီ။
"အဲ့နားမှာရပ်ဘုရားဆောင်နားကပ်မလာနဲ့နင်လာရင်းကိစ္စပြော..."
"မောင့်အင်္ကျီဗေဒါရောင်ရော..."
"တီရှပ်မဟုတ်လား...."
"အင်းလေ ဘောင်းဘီတိုနဲ့ဝတ်မလို့..."
"ဆောင်းတွင်းကိုဘောင်းဘီဒူးခေါင်းနဲ့ဝတ်မယ် လေဖြတ်နေအုန်းမယ်"
"ဘာလဲ စိတ်ပူတာလားမောင့်ကိုမောင့်အသက်လေးက..."
သက်ထားလည်းဘုရားပန်းအိုးတွေကိုဘုရားဆောင်ပေါ်တင်လိုက်ရင်း
"စိတ်ပူတာမဟုတ်ဘူးလေဖြတ်သွားရင်အမေတို့ကဒုက္ခိတကြီးကိုလုပ်ကျွေးနေရမယ်"
"မောင်မိန်းမလုပ်ကျွေးပေါ့မောင့်ကို...."
"မလုပ်ကျွေးနိုင်ပါဘူး...."
"အိုး.....မိုင်....ဂေါ့စ်..."
သက်ထားလည်းဦးသုံးကြိမ်အရင်ချလိုက်ပြီးအခန်းဆီလာခဲ့တော့သည်။သူ့အင်္ကျီတစ်ခါမတွေ့ရင်တစ်ခါဆူတယ်အိမ်မှာ။ဗီရိုကိုဆွဲဖွင့်ပြီးနောက်အင်္ကျီအထပ်တွေကြားထဲကတီရှပ်ဗေဒါရောင်ကိုထုတ်ပေးတော့သူမဘေးက ကိုယ်တော်ကပြုံးပြုံးကြီး။
မင်းမောင်လည်းအင်္ကျီကမ်းပေးနေတဲ့မိန်းမဖြစ်သူကိုခါးလေးကိုဖက်ကာပုခုံးပေါ်မေးလေးတင်လိုက်ပြီး
"မောင့်မိန်းမကတော်လိုက်တာ..."
"ဟမ်း!ငါဘာတော်တာလည်း...."
"ဟုတ်တယ်လေ အင်္ကျီကိုခဏလေးနဲ့တွေ့တာမောင်ဆိုရှာနေတာမတွေ့ဘူး..."
"အော် ငါကအင်္ကျီခေါက်သိမ်းတာလေငါထားတဲ့နေရာငါသိတာပေါ့ အင်္ကျီတွေယူရင်မပွစေနဲ့နော်...."
YOU ARE READING
~မောင့်အိမ်သူသက်ထား~
Ficção Científica"နင်ဘယ်လိုဖြစ်နေသလဲမင်းမောင်..." "မောင်ကခင်ဗျားကိုနမ်းချင်နေတာလေ မောင့်မိန်းမရဲ့..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date-17/6/2024 End Date-3/9/2024