Part-14

5.9K 85 10
                                    

မောင့်အိမ်သူသက်ထား

Part-14

နာရီလက်တံတွေဟာပုံမှန်အတိုင်းလည်ပတ်နေသလိုမိုးရာသီကုန်လို့ဆောင်းစတော့မည့်အချိန်၊မိုးစက်တွေအစားနှင်းမြှူလေးတွေကျတော့မည့်အချိန် ချစ်သူရအမျိုးသားနဲ့ပြုံးပျော်ရွှင်နေတဲ့အမျိုးသမီး၊ထိုအမျိုးသမီးကိုမှတစ်စိမ့်စိမ့်ကြည့်လာချစ်မြတ်နိုးလာခဲ့တဲ့အမျိုးသားတစ်ဦးတို့ဟာသံသရာစက်ဝန်းထဲလည်ပတ်နေရတာလကြာမြင့်ခဲ့ချေပြီ။

သက်ထားတို့ညနေပိုင်းကျောင်းမဆင်းခင်အလယ်တန်းတွေကိုကာယလေ့ကျင့်ခန်းသင်ကြားပေးနေကြသည်။

စစ်နိုင်ဦးလည်းကာယလုပ်နေတဲ့တပည့်တွေကိုကောလတာအမြင့်ပေါ်ကနေတိုင်ကိုမှီကာလက်ပိုက်လျှက်ပြုံးပြုံးကြီးနှင့်ကြည့်နေသည်။

သော်တာကတော့အခန်းထဲကနေတစ်လှမ်းမျှမထွက်လာချေ။

ကျောင်းရဲ့စိန်ပန်းပင်ကြီးအကွယ်ကနေကလေးတွေကိုသင်ပေးကာပြုံးရွှင်နေတဲ့ဆရာမလေးကိုတစ်စိမ့်စိမ့်ပြုံးပြုံးကြီးကြည့်နေတဲ့မင်းမောင်။

"ခေါင်းလေ့ကျင့်ခန်းစ..၁၂၃၅၅၆၇၈၈၇၆၅၄၃တန်းရပ်...."

"တော်လိုက်တာ နောက်တစ်ခေါက်ထပ်လုပ်ရအောင်"

"ဆရာမ ဆရာကိုလည်းတူတူလာသင်ခိုင်းပါလား"

"ဟုတ်တယ် ဆရာမ "

"ဟုတ်တယ်ဆရာမ"

ကျောင်းသားတွေအားလုံးဟာ မောင်ကိုပါတူတူသင်ခိုင်းနေတာကြောင့်တိုင်ကိုမှီကာပြုံးပြုံးကြီးကြည့်နေတဲ့မောင့်ကိုကြည့်ပြီးမျက်ခုံးလေးပင့်ပြလိုက်တော့သူမရှိရာတန်းဆင်းလာလေသည်။

စစ်နိုင်ဦးလည်းချစ်ရသူနားသို့အနည်းငယ်ကပ်လိုက်ခါနားနားသို့တိုးကာ

"မောင့်အချစ်သဘော၊အကုန်လုပ်မဲ့ကောင်"

"မောင်...."

"ဗျာ...."

"ကလေးတွေရှိနေတယ်အနားသိပ်မကပ်နဲ့မတိုးနဲ့"

"ဆရာမအမိန့်အတိုင်းလိုက်နာဖို့အဆင်သင့်ပါ"

စစ်နိုင်ဦးလည်းသူ့နေရာသူရပ်ကာကလေးတွေကိုကြည့်တော့သူတို့ကိုပြုံးစိစိ​ကြီးတွေနှင့်ကြည့်နေကြသည်။

~မောင့်အိမ်သူသက်ထား~Where stories live. Discover now