Part-10

6.1K 103 8
                                    

မောင့်အိမ်သူသက်ထား

Part-10

ညနေမိုးချုပ်ပြီဆိုတာနဲ့ခြင်တွေကတစ်ဝီဝီ၊ဖြုတ်တွေကတစ်ဝဲဝဲ မိုးတွင်းကဖြစ်မင်းမောင်ခြင်မောင်းနေရင်းခြင်တွေကလူကိုပါချီသွားမှာကြောက်ရသည်။

"ဝှီ....ဝှီ...ဝှီ...ဖြန်း....ဖြောင်း.."

"ဟာ ဒီခြင်တွေကွာလူကထိပ်တုံးမိနေကတဲ့ကြားထဲ"

မိုးစချုပ်ထဲက ကျန်တဲ့ရွာသားတွေကိုအကုန်ပြန်လွှတ်ပြီးမင်းမောင်တစ်ယောက်ကိုသာရွေးပြီးထားခဲ့တာဖြစ်သည်။

"အမေ ကျုပ်ကိုခြင်တွေကိုက်နေပြီ"

အိမ်ပြင်ဘက်ကသားဖြစ်သူအသံကြားတာနဲစားပွဲခုံပေါ်တင်ထားတဲ့သော့ကိုယူကာအိမ်ရှေ့ကိုဒေါ်နွယ်တစ်ယောက်အပြေးထွက်လာခဲ့သည်။အကုန်ထမင်းဝိုင်းရောက်နေစဥ်ဒေါ်နွယ်ကဒီအခြေနေကိုချောင်းနေတာပင်။

"အမေ့သားလေးအမေလာပြီ"

ထိပ်တုံးကိုဖြည်ပေးလိုက်ပြီးသားဖြစ်သူမျက်နှာကိုကြင်နာစွာပွတ်သပ်ရင်း

"လာထသားငယ်အိမ်ထဲဝင်ရအောင်"

"အဖေ့ကိုဘယ်လိုလုပ်မလဲအမေ"

"စိတ်ထဲထားမနေနဲ့အမေရှိတယ်"

မိခင်ဖြစ်သူစကားကြောင့်မင်းမောင်ပြုံးကာဖက်လိုက်ပြီးရှင်မတောင်သနပ်ခါးတွေပြည့်နေတဲ့မျက်နှာဖွေးဖွေးကိုဖက်နမ်းလိုက်ကာ

"အဲ့မို့အမေ့ကိုကျုပ်ကချစ်နေရတာ"

"ဟုတ်ပါပြီတော် သွားရေသွားချိုးအမေထမင်းပြင်ပေးထားမယ်"

ထိပ်တုံးမှာတစ်ညနေလုံးမိုးချုပ်တဲ့ထိနေထားရတာကြောင့်မတ်တပ်ရပ်သည့်အခါခြေထောက်ကကျဥ်ခနဲဖြစ်သွားရသည်။အားယူကာထရင်းရေချိုးခန်းထဲဝင်သွားလိုက်ကာရေချိုးလိုက်သည်။

ဒေါ်နွယ်လည်းမီးဖိုချောင်ထဲပြုံးပြုံးလေးနှင့်ဝင်လာကာသူမသားအကြိုက်ချက်ထားတဲ့ဟင်းတွေကိုပန်းကန်တွေထဲထည့်နေလိုက်သည်။

"အန်တီဟင်းတွေဒီမှာရှိနေတယ်လေ"

"ဟုတ်တယ်လေအမေဒီမှာအများကြီး"

~မောင့်အိမ်သူသက်ထား~Where stories live. Discover now